Main menu

Background

မြိတ်ကုန်သွယ်ရေးစခန်း၏ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း ကုန်သွယ်မှုအခြေအနေ

Mon, 01/06/2025 - 15:42 -- journal_editor

မြိတ်ကုန်သွယ်ရေးစခန်း၏ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ကုန်သွယ်မှု  လျာထားချက်မှာ ပို့ကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ရှစ်သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ရှစ် သန်း၊ ကုန်သွယ်မှုပမာဏမှာ  တန်ဖိုး အမေရိကန်ဒေါ်လာ ၁၆ သန်းဖြစ်ပြီး အမှန်ဆောင်ရွက်မှုအနေဖြင့် ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၄ ဒသမ ၆၉၆ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ  ၈ ဒသမ ၈၀၅ သန်း၊ ကုန်သွယ်မှုပမာဏမှ တန်ဖိုးအမေရိကန်ဒေါ်လာ ၁၃ ဒသမ ၅၀၁ သန်း ဆောင်ရွက် ခဲ့၍ လျာထားချက်အပေါ်  ၈၄ ဒသမ ၃၈ ရာခိုင်နှုန်း ဆောင် ရွက်နိုင်ခဲ့သည်။ 
ယခင်နှစ်ကာလတူ လုပ်ငန်းဆောင်ရွက်မှုနှင့်  နှိုင်း ယှဉ်ပါက ပို့ကုန်ပိုင်းတွင်  တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ဝ၄၁ သန်း၊ သွင်းကုန်ပိုင်းတွင် တန်ဖိုး အမေရိကန် ဒေါ်လာ သုည ဒသမ ၃၉၇ သန်းလျော့နည်းခဲ့ကာ ကုန်သွယ်မှု ပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၃၈ သန်း လျော့နည်းခဲ့သည်။ 
အနီးစပ်ဆုံးကာလ နိုဝင်ဘာလနှင့်  နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၅၆၀ သန်း ပိုမိုခဲ့သော်လည်း သွင်းကုန်ပိုင်းတွင် တန်ဖိုး အမေ ရိကန်ဒေါ်လာ ၁ ဒသမ ၉၀၆ သန်း လျော့နည်းခဲ့သဖြင့် ကုန် သွယ်မှုပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၄၆ သန်း လျော့နည်းခဲ့သည်။ 
ကာလတူနှင့်နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် လျော့နည်း ခြင်းမှာ လယ်ယာထွက်ကုန်ပစ္စည်းအုပ်စု ပိုမိုတင်ပို့နိုင်ခဲ့သော် လည်း ရေထွက်ကုန်ပစ္စည်းအုပ်စုတွင် ငါးမှုန့်နှင့်ငါးကြိတ်သား တင်ပို့မှု လျော့နည်းခြင်း၊ ခဲသတ္တု   တင်ပို့နိုင်မှုမရှိခြင်းတို့ ကြောင့်ဖြစ်ပြီး သွင်းကုန်ပိုင်းတွင် လျော့နည်းခြင်းမှာ ရင်းနှီး မြှုပ်နှံမှုကုန်ပစ္စည်းအုပ်စုနှင့် လူသုံးကုန်ပစ္စည်းအုပ်စုတို့ တင် သွင်းမှုပိုမိုခဲ့သော်လည်း လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းအုပ်စု တွင်  အဓိကသွင်းကုန်ဖြစ်သည့် ဒီဇယ်ဆီနှင့် ဓာတ်ဆီတင် သွင်းမှု လျော့နည်းခြင်းတို့ကြောင့်ဖြစ်သည်။
အနီးစပ်ဆုံးကာလထက် ပို့ကုန်ပိုင်းတွင်  ပိုမိုခြင်းမှာ ရေထွက်ကုန်ပစ္စည်းအုပ်စုတွင် ငါးကြိတ်သားတင်ပို့မှု လျော့ နည်းခဲ့သော်လည်း ငါးမှုန့်တင်ပို့နိုင်မှုပိုမိုခဲ့ခြင်း၊ အခြားပစ္စည်း အုပ်စုတွင် ငါးသေတ္တာ တင်ပို့နိုင်မှုမရှိသော်လည်း လယ်ယာ ထွက်ကုန်ပစ္စည်းအုပ်စုတွင် ကြက်သွန်နီတင်ပို့နိုင်ခဲ့ခြင်းတို့ ကြောင့် ပို့ကုန်ပိုင်းတွင် ပိုမိုခဲ့ခြင်းဖြစ်သည်။ သွင်းကုန်ပိုင်းတွင် အနီးစပ်ဆုံးကာလထက် လျော့နည်းခြင်းမှာ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းအုပ်စု နှင့်လူသုံးကုန်ပစ္စည်းအုပ်စုတို့ တင်သွင်းမှု ပိုမိုခဲ့သော်လည်း လုပ်ငန်းသုံးကုန် ကြမ်းပစ္စည်းအုပ်စုတွင် အဓိကသွင်းကုန်ဖြစ်သည့် ဒီဇယ်ဆီနှင့် ဓာတ်ဆီတင်သွင်းမှု လျော့နည်းခြင်းတို့ကြောင့်ဖြစ်သည်။ 
ဒီဇင်ဘာလအတွင်း မြိတ်ကုန်သွယ်ရေးစခန်း၏ ကုန် သွယ်မှုအခြေအနေမှာ  ပို့ကုန်အနေဖြင့် ရော်ဘာ၊ ငါးမှုန့်၊ ငါးကြိတ်သား အဓိကတင်ပို့ပြီး သွင်းကုန်အနေဖြင့် စက်သုံးဆီ (ဒီဇယ်ဆီ၊ ဓာတ်ဆီ) အဓိကတင်သွင်းပြီး ရင်းနှီးမြှုပ်နှံမှုကုန် ပစ္စည်း၊ လုပ်ငန်းသုံးကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်းတို့ အနည်း ငယ် တင်သွင်းမှုရှိခဲ့ကြောင်း သိရသည်။

အိမ့် (DOT)