မြိတ်ကုန်သွယ်ရေးစခန်းသည် မြန်မာ့ပို့ကုန် ပစ္စည်းများကို ပြည်ပနိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် တရုတ်နိုင်ငံတို့သို့ တင်ပို့နိုင်ရေး အတွက် တွန်းအားပေး ဆောင်ရွက်လျက်ရှိသည့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ နယ်စပ် ကုန်သွယ် ရေးစခန်းတစ်ခု ဖြစ်သည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ အများဆုံး တင်ပို့သည့် ပို့ကုန်ပစ္စည်းများမှာ ရော်ဘာ ကုန်ကြမ်း၊ ကြက်သွန်နီနှင့် ငါးအမှုန့်တို့ဖြစ်သည်။
မြိတ်ကုန်သွယ်ရေးစခန်းမှ ထိုင်းနိုင်ငံ၊ ရနောင်း သို့ ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်း စသည့် ရေထွက်ကုန် ပစ္စည်းအမျိုးမျိုး တင်ပို့မှုများစွာ ရှိခဲ့သော်လည်း ကော့ သောင်းစခန်းအား ဃ့နခု ဏသငညအ အဖြစ် သတ်မှတ်ပြီး နောက်ပိုင်း ရေထွက်လုပ်ငန်းရှင်များအနေဖြင့် မြိတ် မြို့ အနီးဝန်းကျင် ပင်လယ်ပြင်မှ ဖမ်းဆီးရမိသည့် ရေ ထွက်ပို့ကုန် ပစ္စည်းများအား အချိန်၊ လူ၊ ကုန်ကျစရိတ်၊ စက်သုံးဆီ စသည်တို့ သက်သာစေရေးနှင့် လတ်ဆတ် မှု အရည်အသွေးများ ကျဆင်းမှုမဖြစ်စေရေးအတွက် ငါးဖမ်းပြီး ကော့သောင်းစခန်းတွင် စစ်ဆေးမှု ခံယူကာ ထိုင်းနိုင်ငံ ရနောင်းသို့ တိုက်ရိုက်တင်ပို့ ဆောင်ရွက် လျက်ရှိသည်။ မြိတ်ကုန်သွယ်ရေး စခန်းအနေဖြင့် ကော့သောင်း ပို့ကုန်တိုးမြှင့်ရေးကို သွယ်ဝိုက်သည့် နည်းလမ်းဖြင့် ပံ့ပိုးလျက်ရှိသည်။
မြိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် မြိတ်မြို့ရှိ ငါးအမှုန့်စက်ရုံများမှ ထွက်ရှိသည့် ငါးအမှုန့်များနှင့် ရော်ဘာ ကုန်ကြမ်းစက်ရုံမှ ရော်ဘာကုန်ကြမ်းများကို ထိုင်းနိုင်ငံသို့ တင်ပို့နိုင်ရေး တွန်းအားပေး စည်းရုံး ဆောင်ရွက်နိုင်ခဲ့ပြီး ပြည်ပသို့ စဉ်ဆက်မပြတ် တင်ပို့ လျက်ရှိသည်။
ရော်ဘာကုန်ကြမ်းများ ပြည်ပတင်ပို့နိုင်ရေး အတွက် မြိတ်မှ ထိုင်းနိုင်ငံ၊ ရနောင်းသို့ လည်းကောင်း၊ မြိတ်မှ မလေးရှားနိုင်ငံ ပီနံသို့လည်းကောင်း တိုက်ရိုက် တင်ပို့ခြင်းဖြင့် နယ်စပ်ကုန်သွယ်မှု ဆောင်ရွက်သကဲ့သို့ ရော်ဘာကုန်ကြမ်းများကို မြိတ်မြို့ ရော်ဘာစက်ရုံမှ ရန်ကုန်မြို့သို့ သယ်ဆောင်၍ ပင်လယ်ရေကြောင်း ပို့ကုန်အဖြစ် တရုတ်နိုင်ငံသို့ တင်ပို့မှုများလည်းရှိသည်။ နှစ်နှစ်နီးပါးခန့် ဈေးကွက်ဝယ်လိုအား ပျောက်ကွယ် နေသည့် မြန်မာ့တံမြက်စည်း တန် ၃၀ ကို ဇန်နဝါရီလ အတွင်းတွင် ထိုင်းနိုင်ငံသို့ပြန်လည်တင်ပို့နိုင်ရေး ချိတ် ဆက် ဆောင်ရွက်နိုင်ခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး နှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ထွက်ရှိသည့် ကြက် သွန်နီများကို မြိတ်မှရေလမ်းဖြင့် တင်ပို့နိုင်ရေး ကြက် သွန်နီ လုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆွေးနွေး ဆောင် ရွက်နိုင်ခဲ့သဖြင့် မြိတ်မှ ကြက်သွန်နီကိုလည်း တင်ပို့ နိုင်ခဲ့သည်။ မြိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ယခုကာလ တွင် ဈေးကွက် ပျောက်ကွယ်သွားသည့် ပို့ကုန်အမယ် များကို ဖော်ထုတ်၍ ပြန်လည်တင်ပို့နိုင်ရေး ဆောင် ရွက်ခြင်း၊ ပို့ကုန်အမယ်သစ်များ တင်ပို့နိုင်ရေး ဈေး ကွက်သစ်များ ရှာဖွေချိတ်ဆက်ခြင်းများကို စဉ်ဆက် မပြတ် တွန်းအားပေး ဆောင်ရွက်ခြင်းတို့ဖြင့် ပို့ကုန် နှစ်ဆ တိုးမြှင့်တင်ပို့နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
မြိတ်ကုန်သွယ်ရေးစခန်း