သီးနှံပို့ကုန်တစ်မျိုး ပြည်ပဈေးကွက် တိုးမြှင့်တင်ပို့နိုင်ရေးအတွက် သီးနှံ အရည်အသွေးပြည့်မီပြီး စားသုံးသူဘေး ကင်းလုံခြုံစေရန် လိုအပ်သကဲ့သို့ စိုက်ပျိုး ထုတ်လုပ်တင်ပို့မှု ကုန်ကျစရိတ် လျှော့ချနိုင်ရေးသည် စိုက်ပျိုးတောင်သူများအတွက် အဓိကအချက်ဖြစ်သည်။ ထုတ်လုပ်တင်ပို့မှု ကုန်ကျ စရိတ်တွင် သီးနှံတစ်ဧကကုန် ကျစရိတ်နှင့် သယ်ယူပို့ဆောင်မှု ဝန်ဆောင်ခဟူ၍ အချက်များပါဝင်သည်။ ပြည်ပ ပို့ကုန် အခန်းကဏ္ဍတွင် ကုန်ကျစရိတ်ကြီးမားသဖြင့် သယ်ယူပို့ဆောင်ခ စရိတ် လျှော့ချနိုင်ရေးကို စိုက်ပျိုးထုတ်လုပ်သူလုပ်ငန်းရှင်များမှ နည်းလမ်းကောင်းများ ရှာဖွေကြံဆလာကြသည်ကို တွေ့ရှိလာရသည်။
ကျောက်ဆည်နယ်မှ ဖရဲပျိုးပင်ပေါက်များကို ကျိုင်းတုံ ခရိုင် မိုင်းယောင်းဒေသ သို့ တင်ပို့ပြီး မိုင်းယောင်းဒေသတွင် ဧက ၁၂၀ ကျော်ကို ယခင်နှစ်က စမ်းသပ်စိုက် ပျိုးခဲ့သည်။ ထိုသို့ စိုက်ပျိုးထုတ်လုပ်၍ တရုတ်နိုင်ငံသို့ မိုင်းယောင်းဒေသမှ တန်ချိန် ၁၆၀ဝ ကျော် တင်ပို့နိုင်ခဲ့သည်။ ဖရဲကို မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသ ကြီးတို့တွင်လည်း စိုက်ပျိုးထားပြီး နှစ်စဉ်တင်ပို့ခဲ့သည်။ ယခုနှစ်တွင်လည်း ဖရဲ သီးနှံများ စိုက်ပျိုးထွက်ရှိနေပြီး ပြည်ပဈေးကွက်သို့ စတင်တင်ပို့နေပြီးဖြစ်သည်။ မတ်လမှ ဧပြီလအထိ မြန်မာနိုင်ငံ အလယ်ပိုင်း ဖရဲထွက်ရှိမှုနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းယောင်းဒေသဖရဲထွက်ရှိမှုကို ချိန်ဆ၍ တင်ပို့မှုကို တိုးမြှင့်နိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။
ဖရဲသီးတစ်ဧက စိုက်ပျိုးထုတ်လုပ်ရန် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွင် သိန်း ၆၀ ခန့်ကုန်ကျ၍ ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းယောင်းဒေသတွင် ကျပ် သိန်း ၇၀ ကျော် ကုန်ကျကြောင်း သိရသည်။ ဖရဲတစ်ဧက အထွက်နှုန်းမှာ ၁၅ တန်မှ ၁၇ တန်ထိတွက်ရှိပြီး ယခုပြည်ပဈေးကွက်ပေါက်ဈေးမှာ ဖရဲတစ်တန်လျှင် ယွမ် ၂၅၀ဝ ဝန်းကျင်ရှိရာ တစ်တန်လျှင် မြန်မာပေါက်ဈေး ကျပ် ၁၅ သိန်းခွဲမှ ၁၆ သိန်း ခန့်ရှိကြောင်း သိရသည်။ တရုတ်ငွေကြေးဈေးကွက်အရ ဈေးနှုန်းပြောင်းလဲနိုင် ကြောင်း သိရသည်။ တစ်ဧကအထွက်နှုန်းမှာ ၁၂ ဘီး ကားတစ်စီး သယ်ယူနိုင်သော တန်ချိန်ထွက်ရှိသော ဖရဲကားတစ်စီး တရုတ်ဈေးကွက် ရောင်းရငွေ ကျပ်သိန်း၂၅၀ ကျော် ရရှိမည်ဖြစ်သည်။ စစ်ကိုင်း ချောင်းဦးဒေသဈေးကွက်သို့ သယ်ယူစရိတ် ကျပ်သိန်း ၁၀ဝ ခန့် ကုန်ကျသော်လည်း၊ မိတ္ထီလာနှင့် နေပြည်တော် ခရိုင်များမှ ပို့ဆောင်လျှင် ကျပ်သိန်း ၆၀ ခန့်သာကုန်ကျသည်။
ထိုကဲ့သို့သော အားနည်းချက်၊ အားသာချက်များကို လေ့လာဆန်းစစ်၍ ဖရဲကုမ္ပဏီတစ်ခုမှ ယခုနှစ်တွင် ထုတ်လုပ်မှုတိုးတက်ရန် ဖရဲပျိုးပင်ပေါက် သုံးသိန်း ကျော်မှာယူထား ပြီး ဧက ၁၅၀ မှ ၂၀ဝ ခန့်အထိ စိုက်ပျိုးပြီးဖြစ်ကြောင်းနှင့် ပျိုးပင် တစ်ပင်လျှင် မိုင်းယောင်းဒေသအရောက် ကျပ် ၁၅၀ဝ ခန့်ကျသင့်ကြောင်း သိရ သည်။ ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင် စိုက်ပျိုးပြီး မတ်လနှင့် ဧပြီလများတွင် ပြည်ပဈေးကွက်သို့ ဖရဲတင်ပို့ ရောင်းချနိုင်မည်ဟု သိရသည်။ ရှမ်းပြည်နယ်သည် စိုက်ပျိုးမြေ ပေါများကျယ်ဝန်းခြင်း၊ စိုက်ပျိုးရေးကျွမ်းကျင် လုပ်သားများ ပေါများ ခြင်း၊ ပြည်ပဈေးကွက်နှင့် ခရီးလမ်းတိုတောင်းသဖြင့် ပြည်ပဈေးကွက်ဝင် သီးနှံများ စိုက်ပျိုးထုတ်လုပ်တင်ပို့မှု ပြုရာတွင် အားသာချက်များစွာ ရှိနေခြင်းတို့ကြောင့် ရင်းနှီးမြှုပ်နှံလိုသူများ ရင်းနှီးမြှုပ်နှံရန်အတွက် သင့်လျော်ကြောင်း အကြုံပြုရေးသား အပ်ပါသည်။
တင်ဌေး (တောင်ကြီး)