မြဝတီကုန်သွယ်ရေးဇုန်၏ ဇန်နဝါရီ ၁၈ ရက်မှ ၂၄ ရက်ထိ ကာလအတွင်း လုပ်ငန်းဆောင်ရွက် မှုမှာ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁ဒသမ ၃၉၅ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ၃ ဒသမ ၅၉၉ သန်းဖြစ်ပြီး ကုန်သွယ်မှုပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၄ ဒသမ ၉၉၄ သန်း ဖြစ်သည်။ ယခင်တစ်ပတ် လုပ်ငန်းဆောင်ရွက်မှုနှင့်နှိုင်းယှဉ်ပါက ပို့ကုန်တွင် တန်ဖိုးအမေရိကန် ဒေါ်လာ သုည ဒသမ ၂၂၀ သန်း လျော့နည်းခဲ့ပြီး သွင်းကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၇၈၄ သန်းပိုမိုခဲ့ခြင်းကြောင့် ကုန်သွယ်မှုပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၅၆၄ သန်း ပိုမိုခဲ့ကြောင်း သိရသည်။
ပို့ကုန်ပိုင်းတွင် လျော့နည်းခြင်းမှာ လယ်ယာထွက်ပစ္စည်းအုပ်စု၊ ရေထွက်ပစ္စည်းအုပ်စုနှင့် တိရစ္ဆာန်ထွက်ပစ္စည်းအုပ်စုတို့မှ တင်ပို့မှုလျော့နည်းခဲ့ခြင်းကြောင့်ဖြစ်သည်။ သွင်းကုန်ပိုင်းတွင် ယခုတစ်ပတ်၌ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းအုပ်စုမှ တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ဝ၆၄ သန်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၆၂၆ သန်း၊ လူသုံးကုန်ပ စ္စည်း အုပ်စုတွင် တန်ဖိုးအမေရိကန်ဒေါ်လာ သုည ဒသမ ဝ၉၄သန်း ပိုမိုခဲ့ခြင်းကြောင့် ဖြစ်သည်။
အိမ့် (DOT)