Main menu

Background

ပြည်ပမှ တင်သွင်းခွင့်ပြုထားသော ဘိလပ်မြေများ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှ

Tue, 03/04/2025 - 12:38 -- journal_editor

ယခုအချိန်သည် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်ပြီး နိုင်ငံတစ်ဝန်းတွင် ဆောက်လုပ်ရေးလုပ်ငန်းများအား အရှိန် အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ထိုသို့တည်ဆောက်မှုလုပ်ငန်းများအတွက် ယခုကာလအတွင်း လိုအပ်သည့် ပြည်တွင်း ဘိလပ်မြေလိုအပ်ချက်ကို ပြည့်မီစေရန်နှင့် ပြည်တွင်း ထုတ်လုပ်မှုအား အင်အားဖြည့်တင်းပေးနိုင်ရန်အတွက် ပြည်ပမှ ဘိလပ် မြေများကို တင်သွင်းခွင့်ပြုလျက်ရှိသည်။
ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် တင်သွင်းလာသော ဘိလပ်မြေ တန်ချိန် ၃၀ဝ၀ ကို တင်ဆောင် လာသည့် ရေယာဉ်သည် ရန်ကုန်မြို့ ရွှေပြည်သာ မုတ္တမဆိပ်ကမ်းသို့ ဖေဖော်ဝါရီ ၂၁ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် ရောက် ရှိခဲ့ပြီး ဖေဖော်ဝါရီ ၂၂ ရက် နံနက်ပိုင်းတွင် ဈေးကွက်အတွင်း ဖြန့်ဖြူးရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းများအတွက် ယခုကာလအတွင်း လိုအပ်သော ဘိလပ်မြေကို တင်သွင်းခွင့်ပြုထားပြီး ယခုရေယာဉ်အပြင် ကျန်ဘိလပ်မြေ တင်ဆောင်လာသည့် ရေယာဉ်များပါ အပတ်စဉ်ဆက်လက်ရောက်ရှိလာမည်ဖြစ် ကြောင်း သိရသည်။