မြန်မာနိုင်ငံတောင်ဘက်ပိုင်းတွင် တည်ရှိသည့် မြိတ်မြို့သည် တနင်္သာရီတိုင်းဒေသကြီး၌ တည်ရှိပြီး လူဦးရေအများဆုံးနှင့် အကြီးဆုံးမြို့လည်းဖြစ်သည်။ စီးပွားရေးအရ အချက်အချာကျပြီး ကုန်းလမ်း၊ ရေ လမ်း၊ လေကြောင်းလမ်းများနှင့် ဆက်သွယ်မှု ကောင်း မွန်သည့် ဒေသလည်းဖြစ်သည်။ လှပလွန်းသည့် ကျွန်းစုများ၊ ရှေးဟောင်း ပင်လယ်အမွေအနှစ်များနှင့် အဆောက်အအုံများကြောင့် သာယာလှပသည့် မြို့ တစ်မြို့ဖြစ်သည်။
မြိတ်မြို့တွင် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံတို့ အပြင် အဆိုပါနိုင်ငံများမှတစ်ဆင့် တရုတ်နိုင်ငံတို့နှင့် ကုန်သွယ်မှု ပြုလုပ်နိုင်ရေးအတွက် မြိတ်ကုန်သွယ် ရေးစခန်းကို ၁၉၉၉ ခုနှစ် ဇူလိုင် ၁ ရက်ကတည်းက စတင်ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ယခုအခါ နှစ်ပေါင်း ၂၆ နှစ်တိုင်ခဲ့ပြီဖြစ်သည်။
မြိတ်ကုန်သွယ်ရေးစခန်းသည် ပြည်ပပို့ကုန် တင်ပို့နိုင်မှုအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပို့ကုန် အမေရိကန်ဒေါ်လာ ၃၄ သန်း တင်ပို့ခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွက် ပို့ကုန် အမေရိကန်ဒေါ်လာ ၅၅ သန်း တင်ပို့နိုင်ခဲ့သဖြင့် အမေရိကန်ဒေါ်လာ သန်း ၂၀ ပိုမိုတင်ပို့နိုင်ခဲ့သည်။ ယခုဘဏ္ဍာနှစ် ၂၀၂၄-၂၀၂၅ တွင် ဧပြီလမှ ဖေဖော်ဝါရီလအထိ ၁၁လတာ ကာလအတွင်း ပို့ကုန် အမေရိကန်ဒေါ်လာ ၆၃ သန်း ဆောင်ရွက်ခဲ့သဖြင့် လျာထားချက်အပေါ် ၆၇ ရာခိုင် နှုန်းကျော် အမှန်တင်ပို့ဆောင်ရွက်နိုင်ခဲ့သည်။ အဓိက ပို့ကုန်ပစ္စည်းများမှာ ရော်ဘာ၊ ကြက်သွန်နီ၊ ပြောင်း၊ သီဟိုဠ် စေ့၊ ကွမ်းသီး၊ ငါးအမှုန့်၊ ငါးကြိတ်သား၊ မုတ်ခွံ နှင့် ကဏန်းပျော့တို့ဖြစ်သည်။
မြိတ်မြို့ရှိ ငါးအမှုန့်စက်ရုံများမှ ထွက်ရှိသည့် ငါးအမှုန့်များနှင့် ရော်ဘာကုန်ကြမ်းစက်ရုံမှ ရော်ဘာ ကုန်ကြမ်းများကို ထိုင်းနိုင်ငံ သို့ တင်ပို့နိုင်ရေးဆောင် ရွက်လျက်ရှိရာ ရော်ဘာကုန်ကြမ်းပစ္စည်းများကို မြိတ်မှ မလေးရှားနိုင်ငံ၊ ပီနံသို့လည်းကောင်း၊ ထိုမှ တစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ခြင်းဖြင့်လည်းကောင်း၊ ကျန်ပို့ကုန်များကို မြိတ်မှ ထိုင်းနိုင်ငံ ရနောင်းမြို့သို့ လည်းကောင်း အသီးသီးတင်ပို့လျက်ရှိသည်။
ထို့ပြင် မြိတ်မြို့ မှ ရေထွက်ပစ္စည်းအများစုသည် ကော့သောင်းစခန်း၊ မောတောင်စခန်းတို့၏ ပို့ကုန် အဖြစ်လည်းကောင်း၊ မြိတ်မြို့ရှိ ရော်ဘာစက်ရုံမှ ရော်ဘာကုန်ကြမ်းများ၊ ငါးအမှုန့်စက်ရုံမှ ငါးအမှုန့် များနှင့် အခြားရေထွက်ပစ္စည်းများသည် ရန်ကုန်မြို့ သို့ ရေလမ်း၊ ကုန်းလမ်းဖြင့် သယ်ဆောင်၍ တရုတ် နိုင်ငံသို့ တင်ပို့ခြင်းဖြင့် ပင်လယ်ရေကြောင်း ပို့ကုန် အဖြစ်လည်းကောင်း တင်ပို့ဆောင်ရွက်လျက်ရှိသည်။ ထို့ကြောင့် မြိတ်ကုန်သွယ်ရေးစခန်းသည် မိမိ၏ ပို့ကုန် တိုးမြှင့်ရေးကို ဆောင်ရွက်ခြင်းဖြင့် ကော့သောင်း၊ မောတောင်နှင့်ပင်လယ်ရေကြောင်း ပို့ကုန် တိုးမြှင့်ရေး အတွက်ပါ ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသည့် ကုန် သွယ်ရေးနယ်စပ်စခန်း တစ်ခုဖြစ်သည်။
ကော့သောင်း၊ မောတောင်နှင့် ပင်လယ်ရေ ကြောင်း ပို့ကုန်တိုးမြှင့်ရေး အထောက်အပံ့ပြုလျက်ရှိ သည့်အပြင် မိမိစခန်းပို့ကုန်တိုးမြှင့်ရေးအတွက် ယခင် နှစ်များက တင်ပို့မှုရှိခဲ့ပြီး ယခုအခါ တင်ပို့မှု ကွယ် ပျောက်လျက်ရှိသည့် ပို့ကုန်အမယ်များဖော်ထုတ်ခြင်း၊ ပို့ကုန်အမယ်သစ်အတွက် ဈေးကွက်ရရှိရေး ချိတ် ဆက်ပေးခြင်းများကိုလည်း စဉ်ဆက်မပြတ် ဆောင် ရွက်လျက်ရှိသည်။
မြိတ်ကုန်သွယ်ရေးစခန်းက ၂၀၂၅ ခုနှစ်၊ ဇန်န ဝါရီလတွင် ဒေသထွက် ဓနိခြောက်များ ထိုင်းနိုင်ငံသို့ တင်ပို့နိုင်ရေးအတွက် တစ်ဖက်နိုင်ငံ ဝယ်လက်များ ရှာဖွေခြင်း၊ ဒေသလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ပေး ခြင်း၊ မိမိပို့ကုန်ဈေးကောင်းရရှိရေး ညှိနှိုင်းပေးခြင်း များကို ဆောင်ရွက်ပေးနိုင်ခဲ့သည်။
မြိတ်မြို့နယ် ပသောင်းရွာ၊ တောင်းရှည်ရွာ၊ တုံး ဗျောရွာများနှင့် ပုလောမြို့နယ်တို့မှ ထွက်ရှိသည့် ဓနိ ခြောက် ဒေသအခေါ် ဖက်ဖူးခြောက်များကို ထိုင်းနိုင်ငံ တွင် ဖက်ဖူးဆေးလိပ်များ ပြုလုပ်ရန်အတွက် ဝယ်ယူ ခြင်းဖြစ်ကြောင်းသိရသည်။ ထို့ကြောင့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မြိတ်မှ ရနောင်း ၊ ထိုင်းနိုင်ငံသို့ တန်ချိန် ၂၀၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၄၀ဝ၀ နီးပါး တင်ပို့နိုင်ခဲ့သည်။
လာမည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဒေသ ထွက် ဓနိခြောက်များ ထိုင်းနိုင်ငံသို့ ပိုမိုတင်ပို့ နိုင်ရေး အတွက် ဒေသခံ ပို့ကုန်လုပ်ငန်းရှင်များ နှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး မြိတ်ကုန်သွယ်ရေးစခန်း က ဆက်လက် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်သည်။
မြိတ်ကုန်သွယ်ရေးစခန်း