မြန်မာနိုင်ငံမှ ပြည်ပတင်ပို့လျက်ရှိသော လယ်ယာ ထွက်ကုန်၊ ရေထွက်ကုန်၊ တိရစ္ဆာန်ထွက်၊ သတ္တုတွင်းထွက်၊ စက်မှုကုန်ချောနှင့် အခြားပို့ကုန်ပစ္စည်းများအနက်မှ ဧရာ ဝတီတိုင်းဒေသကြီး မအူပင်ခရိုင်မှ တင်ပို့သော ဆန်၊ ဆန်ကွဲ များ၏ တင်ပို့မှု အခြေအနေများကို ဖော်ပြလိုက်သည်။
၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်တွင် မိုးစပါး ၆၁၁၄၀၉ဧက၊ နွေစပါး ၃၉၁၉၇၅ ဧက၊ မတ်ပဲ ၆၁၃၀၇ဧက၊ ပဲတီစိမ်း ၂၁၅၉ဧက စိုက်ပျိုးထား ကြောင်း သိရသည်။ မအူပင်ခရိုင်အတွင်းတွင် ဆန်စက် ၁၀၇ လုံးရှိပြီး ညောင်တုန်းမြို့နယ်တွင် ဆန်စက်ကြီးများ အများ အပြားရှိသဖြင့် ညောင်တုန်းမြို့နယ်မှ ဆန်နှင့် ဆန်ကွဲကို ကုမ္ပဏီများနှင့် ဆန်စက်များမှ ပြည်ပတင်ပို့နိုင်ကြောင်း သိရသည်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း မတ်လအထိ ဆန်အိတ်ရေ ၁၇၉၀၈၄ အိတ်နှင့် ဆန်ကွဲအိတ်ရေ ၁၃၅၁၇၇ အိတ် တင်ပို့ခဲ့ပြီး ဆန်ကွဲအိတ်ရေ ၁၆၀ဝ၀ ဆက်လက်တင်ပို့ သွားရန်ရှိကြောင်း သိရသည်။
ပေါင်းဆန်တင်ပို့မှုအနေဖြင့် ယခုဘဏ္ဍာနှစ် ဖေဖော် ဝါရီလ အထိ ၆၇၆၈ အိတ် တင်ပို့ခဲ့ပြီး အိတ်ရေ ၉၇၆၈ အိတ် ဆက်လက် တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်တွင်းသုံးစွဲမှုအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ တစ်လအတွင်း မအူပင်မှ ဆန်တင်ပို့မှု အိတ် ၁၁၂၁၁အိတ်၊ ပန်းတနော်မှ ဆန်တင်ပို့မှု ၁၉၅၇၈ အိတ်၊ ညောင်တုန်းမှ ဆန် တင်ပို့မှု ၂၈၀၃၉၈ အိတ်၊ ဓနုဖြူ မှ ဆန်တင်ပို့မှု ၆၅၆၆၂ အိတ် နှင့် စုစုပေါင်း ၃၇၆၈၄၉ အိတ်တင်ပို့ပြီး တန်အားဖြင့် ၁၈၈၄၂ တန်တင်ပို့နိုင်ခဲ့ပြီး အခြား မြို့နယ်များမှ ၄၀၂၅၂၂ အိတ်၊ တန် အားဖြင့် ၂၀၁၂၆ တန်ကို တင်ပို့နိုင်ခဲ့ကြောင်းသိရသည်။
ပွင့်လင်းရာသီကာလအတွင်း ပြည်ပသို့ ဆန်နှင့် ကောက်ပဲသီးနှံများတင်ပို့ရာတွင် သင်္ဘောကြီးများ နှောင့်နှေး ကြန့်ကြာခြင်းမရှိ ဝင်/ထွက်နိုင်ရေး၊ သတ်မှတ်ချိန်အတိုင်း သင်္ဘောတင်ပြီးစီးနိုင်ရေး၊ အလေအလွင့် အနည်းဆုံးဖြင့် အရည်အသွေးနှင့်အရေအတွက် ပြည့်မီ စွာ တင်ပို့နိုင်ရေးတို့ အတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်မှ လိုအပ်သည့် ကြီးကြပ်စီမံခန့်ခွဲမှုများ ကို ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် မြန်မာနိုင်ငံ ဆန်စပါး အဖွဲ့ချုပ်နှင့် ဆန်၊ ပဲ၊ ပြောင်း ပို့ကုန်လုပ်ငန်းရှင်ကြီးများနှင့် လည်း အခါအားလျော်စွာတွေ့ဆုံ၍ ၎င်းတို့၏ လိုအပ်ချက် များကို ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့ အပြင်ကုန်သေတ္တာလိုအပ်ချက် မရှိစေရေးအတွက် အကောက် ခွန်ဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ့ငြ်္ဃဃှု နှင့် ြှုင်္င်္ဗ တို့မှ တာဝန်ရှိသူများ၊ ပို့ကုန်လုပ်ငန်းရှင်များ၊ ဆိပ်ကမ်းတံတား များ၊ သင်္ဘောလိုင်းများနှင့် စဉ်ဆက်မပြတ် တွေ့ဆုံ၍လည်း ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မသဇင် (မအူပင်)