ပြည်တွင်းတွင် စိုက်ပျိုးထားရှိသည့် မြန်မာ့ထောပတ်သီးကို တရုတ်ပြည့်သူ့သမ္မတနိုင်ငံသို့ တရားဝင်တင်ပို့ခွင့်ရရှိပြီးဖြစ်ပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်မှစ၍ အစိုးရအချင်းချင်းကုန်သွယ်ရေးစနစ်ဖြင့် တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့သွားရန် စီစဉ်ထားကြောင်းသိရသည်။ မတ်လ ၂၄ ရက်တွင် မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း မှ မြန်မာ့ထောပတ်သီးများသည် တရုတ်နိုင်ငံအကောက်ခွန် အထွေထွေအုပ်ချုပ် မှုအာဏာပိုင်အဖွဲ့(GACC)၏ ကျန်းမာရေးစံချိန်စံညွှန်း စစ်ဆေးမှုများကို အောင်မြင်ခဲ့ကြောင်း ကြေညာခဲ့သည်။ မြန်မာ့ထောပတ်သီးသည် ဖရဲသီး၊ သရက်သီးတို့ပြီးနောက် တရုတ်ဈေးကွက်အတွင်းသို့ ထပ်မံဝင်ရောက် ခွင့်ရခဲ့သည့်တတိယမြောက် မြန်မာ့အပူပိုင်းဒေသ သစ်သီးဝလံဖြစ်ကာ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးထုတ်လုပ်မှုတန်ဖိုးအား ၁၂ ရာခိုင်နှုန်း မြှင့်တက်စေမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
ကိုတိုး