ရုရာုးနိုင်ငံအနေဖြင့် မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသည့် သရက်သီးများနှင့် သရက်သီးခြောက်များအား ဝယ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။ ရုရှား-မြန်မာ စီးပွားရေးကောင်စီနှင့် အဖွဲ့ဝင်များအကြား ယခုနှစ်မှစတင်ကာ သရက် သီး ရောင်းချသူများနှင့် တိုက်ရိုက်ဆက်သွယ် ဆောင်ရွက်ရန်အသင့်ရှိနေကြောင်း သိရသည်။ ရုရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသည့် စိန်တစ်လုံးသရက်သီး အမျိုးအစားကို ဝယ်ယူရန် စိတ်ဝင် စားနေကြောင်း၊ သရက်သီးစိုက်ပျိုးထုတ်လုပ်သူများထံမှ သိရသည်။ မြန်မာ့သရက်သီးကို ရုရှားဈေးကွက်သို့ တင်ပို့နိုင် ရေးအတွက် အဓိကရောင်းချသည့် လုပ်ငန်း၊ ကုမ္ပဏီများအနေဖြင့် ဆက်သွယ်ရမည့် လိပ်စာအပြည့်အစုံကို ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနထံ ပေးပို့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံမှ ထွက်ရှိသည့် သရက်သီးများနှင့် သရက်သီးခြောက်များအား ရုရှားဈေးကွက်သို့ တင်ပို့နိုင်ရေးအတွက် ဆက်သွယ်နိုင်မည့် ပုဂ္ဂိုလ်၊ အီးမေးလ်၊ ဖုန်းနံပါတ်တို့ကို မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ထံ ပေးပို့ရန် အကြောင်းကြား ထားကြောင်း သိရသည်။
ကိုတိုး