Main menu

Background

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပို့ကုန်နှစ်ဆ တိုးမြှင့်တင်ပို့နိုင်ရေး တွန်းအားပေး ဆောင်ရွက်လျက်ရှိသည့် မြိတ်ကုန်သွယ်ရေးစခန်း

Mon, 06/02/2025 - 11:23 -- journal_editor

မြိတ်ကုန်သွယ်‌ရေးစခန်းသည် မြန်မာ့ပို့ကုန် ပစ္စည်းများကို ပြည်ပနိုင်ငံများဖြစ်သည့် ထိုင်း နိုင်ငံ၊ မလေးရှားနိုင်ငံတို့အပြင် အဆိုပါ နိုင်ငံများမှတစ်ဆင့် တရုတ်နိုင်ငံတို့သို့ ပို့ကုန်တိုးမြှင့် တင်ပို့နိုင်ရေးအတွက် တွန်းအားပေးဆောင်ရွက်လျက်ရှိသည့် တနင်္သာရီ တိုင်းဒေသကြီးအတွင်းရှိ  ကုန်သွယ်ရေးစခန်းတစ်ခု ဖြစ်သည်။ 
ရေထွက်ကုန်ပစ္စည်းများ အဓိကတင်ပို့ခဲ့သည့် မြိတ်စခန်းသည်   ကော့သောင်းစခန်းအား  ဃ့နခု စသငညအ အဖြစ် သတ်မှတ်ပြီးသည့် နောက်ပိုင်းနှစ်များ တွင် မြိတ် ပင်လယ်ပြင်မှ ဖမ်းဆီးရမိသည့် ရေထွက် ပို့ကုန်များသည် ကုန်ကျစရိတ်၊ အချိန်သက်သာစေရေး အတွက်  ကော့သောင်းထွက်ပေါက်ဖြင့် ထိုင်းနိုင်ငံသို့ တင်ပို့နေကြခြင်းကြောင့်လည်းကောင်း၊  မြိတ်မှ မော တောင်သို့ ကြာချိန် ၄ နာရီခန့်သာကြာမြင့်သည့် ကား လမ်းပိတ်ထားခြင်းကြောင့် လည်းကောင်း မြိတ်စခန်း အနေဖြင့် ရေထွက်ပို့ကုန်များ သိသိသာသာ လျော့ နည်းခဲ့ရသည်။ 
မူဝါဒအပြောင်းအလဲကြောင့်  ရေထွက်ကုန် ပစ္စည်းများ တင်ပို့နိုင်ခြင်းမရှိသော်လည်း ပို့ကုန်နှစ်ဆ တိုးမြှင့်နိုင်ရေးအတွက် မြိတ်မြို့ရှိ ငါးအမှုန့် စက်ရုံများ မှထွက်ရှိသည့်  ငါးအမှုန့်များနှင့်  ရော်ဘာကုန်ကြမ်း စက်ရုံမှ  ရော်ဘာကုန်ကြမ်းများကို  ထိုင်းနိုင်ငံသို့ တင်ပို့နိုင်ရေး တွန်းအားပေး စည်းရုံးဆောင်ရွက်ခဲ့ပြီး ပြည်ပသို့ လစဉ်တင်ပို့လျက်ရှိသည်။ အချို့ငါးအမှုန့် စက်ရုံများအနေဖြင့် ငါးအမှုန့်များကို မြိတ်-ရန်ကုန်၊ ထိုမှ ပြည်တွင်းမြို့များသို့ တိရစ္ဆာန်အစာ ထုတ်လုပ် ခြင်း သို့မဟုတ် ရန်ကုန်မှ ပင်လယ်ရေကြောင်းအနေ ဖြင့် တင်ပို့ခြင်းများဆောင်ရွက်လျက်ရှိသည်။ ရော်ဘာ ကုန်ကြမ်းပစ္စည်းများကို မြိတ်မှ မလေးရှားနိုင်ငံ၊ ပီနံသို့  လည်းကောင်း၊ ထိုမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ ခြင်းဖြင့်လည်းကောင်း၊  ကျန်ပို့ကုန်များကို  မြိတ်မှ ထိုင်းနိုင်ငံ  ရနောင်းမြို့သို့လည်းကောင်း အသီးသီး တင်ပို့လျက်ရှိသည်။ 
ထို့ပြင် မြိတ်မြို့ မှ ရေထွက်ပစ္စည်းအများစုသည် ကော့သောင်းစခန်း၊ မောတောင်စခန်းတို့၏ ပို့ကုန် အဖြစ်လည်းကောင်း၊ မြိတ်မြို့ရှိ  ရော်ဘာစက်ရုံမှ ရော်ဘာကုန်ကြမ်းများ၊ ငါးအမှုန့်စက်ရုံမှ ငါးအမှုန့် များနှင့် အခြားရေထွက်ပစ္စည်းများသည် ရန်ကုန်မြို့ သို့ ရေလမ်း၊ ကုန်းလမ်းဖြင့် သယ်ဆောင်၍ တရုတ် နိုင်ငံသို့ တင်ပို့ခြင်းဖြင့် ပင်လယ်ရေကြောင်း ပို့ကုန် အဖြစ်လည်းကောင်း တင်ပို့ဆောင်ရွက်လျက်ရှိသည်။ ထို့ကြောင့် မြိတ်ကုန်သွယ်ရေးစခန်းသည် မိမိ၏ ပို့ကုန် တိုးမြှင့်ရေးကို ဆောင်ရွက်ရုံမျှမက ကော့သောင်း၊ မောတောင်နှင့် ပင်လယ်ရေကြောင်း ပို့ကုန်တိုးမြှင့် ရေးအတွက် တစ်ဖက်တစ်လမ်းမှ ပံ့ပိုးဆောင်ရွက်ပေး လျက်ရှိသည့် ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်သည်။
ထိုမျှမက ယခင်နှစ်များက တင်ပို့မှုရှိခဲ့ပြီး ယခု တင်ပို့မှု  ကွယ်ပျောက်လျက်ရှိသည့်  ပို့ကုန်အမယ် များဖော်ထုတ်ခြင်း၊ ပို့ကုန်အမယ်သစ်အတွက် ဈေး ကွက်ရရှိရေး  ချိတ်ဆက်ပေးခြင်းများကိုလည်း စဉ် ဆက်မပြတ် တွန်းအားပေး ဆောင်ရွက်ခဲ့လျက်ရှိပြီး မြိတ်စခန်း၏ ဘက်စုံတွန်းအားပေး ဆောင်ရွက်မှုများ ကြောင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဧပြီလမှ မေလ ၂၇ ရက်ထိ အမှန်ဆောင်ရွက်နိုင်မှုအနေဖြင့် ပို့ကုန်  ၁၁ ကန်ဒေါ်လာ သန်းနီးပါးဆောင်ရွက်နိုင်ခဲ့ပြီး ပို့ကုန် စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းသည် ရော်ဘာကုန်ကြမ်း၊ ၃၅ ရာခိုင်နှုန်းသည် ငါးအမှုန့်တို့ အဓိကတင်ပို့လျက် ရှိသည်။ ကျန်ပို့ကုန်ပစ္စည်းများမှာ ကြက်သွန်နီ၊ သီဟိုဠ် စေ့၊ တံမြက်စည်းနှင့်  ဓနိခြောက်တို့ဖြစ်သည်။
ထို့ပြင်   မြိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် မန္တလေးတိုင်းဒေသကြီးတို့မှ ထွက်ရှိသည့် ကြက်သွန်နီ များကို မြိတ်မှ ရေလမ်းဖြင့် ရနောင်း၊ ထိုင်းနိုင်ငံသို့ တင်ပို့နိုင်ရေး  ကြက်သွန်နီလုပ်ငန်းရှင်များနှင့် ညှိနှိုင်း ဆွေးနွေး ဆောင်ရွက်နိုင်ခဲ့ပြီး မြိတ်မှ ကြက်သွန်နီ ပြည်ပပို့ကုန် တင်ပို့နိုင်ရေး ဆောင်ရွက်နိုင်ခဲ့သည်။
ထို့ပြင် လွန်ခဲ့သည့် နှစ် နှစ်နီးပါးခန့် ဈေးကွက်ဝယ်လိုအား ကွယ်ပျောက်ခဲ့သည့် မြန်မာ့တံမြက်စည်း ပို့ကုန်အမယ်ကို ပြန်လည်တင်ပို့နိုင်‌ရေးအတွက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်တွင် ကုန်သည်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ တစ်ဖက်နိုင်ငံ ဈေးကွက်နှင့် ပြန်လည်ချိတ်ဆက် တင်ပို့နိုင်ရေး စည်းရုံးဆွေးနွေးမှုများ ဆောင်ရွက်ခဲ့သည်။
နောင်လာမည့် ကာလများတွင်လည်း ထိုင်းနိုင်ငံဘက်မှ ကြက်သွန်နီနှင့် တံမြက်စည်း ဝယ်လိုအား အမှာစာရရှိထားပြီး ဖြစ်သဖြင့် လစဉ်တင်ပို့သွားမည်ဖြစ်ကြောင်းကို တင်ပို့နေသည့် ပို့ကုန် ကုမ္ပဏီလုပ်ငန်းရှင်ထံမှ သိရသည်။ ထိုင်းနိုင်ငံဘက်မှ ဝယ်လိုအားအရ  မိမိနိုင်ငံတွင်လည်း တံမြက်စည်း ပြုလုပ်သူများနှင့် ထပ်မံချိတ်ဆက်ဆောင်ရွက်နိုင်ရေး မြိတ်ကုန်သွယ်ရေး စခန်းအနေဖြင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်သည်။
မြန်မာ့ထွက်ကုန်ပို့ကုန်ပစ္စည်းများ ပြည်ပဈေးကွက်သို့ ပိုမိုတင်ပို့နိုင်ရေးအတွက် မြိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ဈေး ကွက် ပျောက်ကွယ်သွားသည့် မြန်မာ့တံမြက်စည်းကဲ့သို့ အခြားပို့ကုန်အမယ်များကို ထပ်မံဖော်ထုတ်၍ ပြန်လည်တင်ပို့နိုင်ရေး ဆောင်ရွက်ပေးခြင်း၊ ပို့ကုန်အမယ်သစ်များ တင်ပို့နိုင်ရေး ဈေးကွက်သစ်များ ရှာဖွေချိတ်ဆက်ခြင်းများကို ဆက်လက်တွန်းအား ပေး စည်းရုံးဆောင်ရွက်ခြင်းနှင့် လတစ်လ၏ နောက်ဆုံးရက်သတ္တပတ်တွင် ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးပြုလုပ်ပြီး ပို့ကုန်လုပ်ငန်းရှင်များ ပြည်ပတင်ပို့ရာတွင် လွယ်ကူလျင်မြန်ချောမွေ့စေရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း တင်ပြလိုက်ရ ပါသည်။                                                                                                                                        

 မြိတ်ကုန်သွယ်ရေးစခန်း