မြဝတီကုန်သွယ်ရေးဇုန်၏ ဇွန် ၂၁ ရက်မှ ၂၇ ရက်ထိကာလအတွင်း ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၉၅၉ သန်း၊ သွင်းကုန် တန်ဖိုး အမေရိကန်ဒေါ်လာ ၂ဒသမ ၁၁၅သန်း၊ ကုန်သွယ်မှုပမာဏမှာ တန်ဖိုး အမေ ရိကန်ဒေါ်လာ ၅ဒသမ ဝ၇၄ သန်းဖြစ်ပြီး ယခင်တစ်ပတ် လုပ်ငန်းဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၆၇၂ သန်းပိုမိုခဲ့ပြီး သွင်းကုန်တန်ဖိုးအမေရိကန်ဒေါ်လာ ၁ ဒသမ ၇၅၀ သန်း လျော့နည်းခဲ့ခြင်းကြောင့် ကုန်သွယ်မှုပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ဝ၇၈ သန်း လျော့နည်း ခဲ့ကြောင်း သိရသည်။
ပို့ကုန်ပိုင်းအနေဖြင့် သစ်တောထွက်ပစ္စည်းအုပ်စု၊ ရေထွက်ပစ္စည်းအုပ်စုတွင် တင်ပို့မှု လျော့နည်းခဲ့သော်လည်း လယ်ယာ ထွက်ပစ္စည်းအုပ်စုနှင့် စက်မှုကုန်ချောပစ္စည်းအုပ်စုတို့တွင် တင်ပို့မှုပိုမိုခဲ့ကြောင်း သိရသည်။
သွင်းကုန်အနေဖြင့် ယခုတစ်ပတ်တွင် ရင်းနှီးမြှုပ်နှံမှုအုပ်စုတွင် တန်ဖိုးအမေရိကန်ဒေါ်လာ သုည ဒသမ ၈၇၀ သန်း၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၇၆၃ သန်းနှင့် လူ သုံးကုန်ပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၁၁၇ သန်းလျော့နည်းခဲ့ခြင်းကြောင့် ယခင်တစ်ပတ်ထက် သွင်းကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၅၀ သန်း လျော့နည်းခဲ့ခြင်းဖြစ်သည်။
အိမ့် (DOT)