Main menu

Background

မြဝတီကုန်သွယ်ရေးဇုန်၏ တစ်ပတ်အတွင်း ကုန်သွယ်မှုအခြေအနေ

Mon, 08/04/2025 - 10:18 -- journal_editor

မြဝတီကုန်သွယ်ရေးဇုန်၏ ၂၀၂၅ ခုနှစ် ဇူလိုင် ၁၉  ရက်မှ ၂၅ ရက်ထိ ကာလအတွင်း  ပို့ကုန်တန်ဖိုး  အမေ ရိကန်ဒေါ်လာ ၂ ဒသမ ၉၁၃ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၅၉သန်း၊ ကုန်သွယ်မှုပမာဏ မှာ  တန်ဖိုး  အမေရိကန်ဒေါ်လာ ၄ ဒသမ ၄၇၂ သန်းဖြစ်ပြီး ယခင်တစ်ပတ် လုပ်ငန်း ဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါ က ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၂၈၁ သန်းနှင့် သွင်းကုန် တန်ဖိုး  အမေရိကန်ဒေါ်လာ သုည ဒသမ ၂၁၅ သန်း   လျော့နည်းခဲ့ခြင်း ကြောင့် ကုန်သွယ်မှုပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၄၉၆ သန်း လျော့နည်းခဲ့ကြောင်း သိရသည်။  အနီးစပ်ဆုံးထက်  ပို့ကုန်ပိုင်း တွင် လျော့နည်းခြင်းမှာ လယ်ယာထွက် ပစ္စည်းအုပ်စု၊ ရေထွက်ပစ္စည်းအုပ်စုနှင့် စက်မှုကုန်ချောပစ္စည်းအုပ်စုတို့တွင် တင်ပို့မှု လျော့နည်းခဲ့ခြင်းကြောင့်ဖြစ် သည်။ သွင်းကုန်အနေဖြင့် ယခုပတ် တွင် ရင်းနှီးမြှုပ်နှံမှုအုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၅၄၇ သန်း၊  ပိုမိုခဲ့သော်လည်း လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်း   အုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၄၉၇ သန်းနှင့် လူသုံးကုန်ပစ္စည်းအုပ်စုတွင် တန်ဖိုး  အမေရိကန်ဒေါ်လာ  သုည ဒသမ ၂၁၅သန်း  လျော့နည်းခဲ့ခြင်း ကြောင့် ယခင်ပတ်ထက် သွင်းကုန်ပိုင်း တွင် တန်ဖိုး အမေရိကန်ဒေါ်လာသုည ဒသမ ၂၁၅ သန်းလျော့နည်းတင်သွင်းခဲ့ခြင်းဖြစ်သည်။                

အိမ့် (DOT)