Main menu

Background

ယခုဘဏ္ဍာနှစ်တွင်း ပြည်ပနိုင်ငံများသို့ အထည်ချုပ်တင်ပို့မှု မြင့်တက်လာ

Mon, 12/01/2025 - 13:41 -- journal_editor

ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ခြောက်လတာကာလ အတွင်း ပြည်ပနိုင်ငံများသို့ အထည်ချုပ်တင်ပို့မှု မြင့်တက် လာကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) မှ သိရသည်။ 
ပြည်ပသို့ အထည်ချုပ်တင်ပို့မှုမှာ ပြီးခဲ့သည့် ဘဏ္ဍာနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၉ ရာခိုင်နှုန်းခန့် တိုးတက်လာ ခဲ့ခြင်းဖြစ်သည်။မြန်မာနိုင်ငံအနေဖြင့် အထည်ချုပ်လုပ်ငန်းကို ပြည်ပမှ ကုန်ကြမ်းသွင်းပြီး ပြည်တွင်းတွင် ပြန်လည်ချုပ်လုပ်သည့် CMP လက်ခစားစနစ်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။လက်ရှိတွင် ပြည်တွင်းအထည်ချုပ်ကဏ္ဍမှ ဥရောပ ဈေးကွက်သို့ ၆၀ ရာခိုင်နှုန်း၊ ဂျပန်ဈေးကွက်သို့ ၂၀ ရာခိုင်နှုန်း နှင့် အခြားဈေးကွက်များထံသို့ တင်ပို့နေခြင်းဖြစ်သည်။ပို့ကုန်ကဏ္ဍထဲတွင် မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ လက်ခစားစနစ်ဖြင့် အထည်ချုပ်တင်ပို့မှု အများဆုံးဖြစ် ကြောင်း သိရသည်။ 
လာမည့် ဆယ်စုနှစ်အတွင်း မြန်မာ့အထည်ချုပ်ကဏ္ဍအနေဖြင့် လုပ်သားအင်အား ၁ ဒသမ ၂ သန်းမှ ၁ ဒသမ ၆ သန်းအထိ ခန့်ထားနိုင်ပြီး အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ တန် လုပ်ငန်းအဖြစ် ကြီးထွားလာနိုင်ရေး မြန်မာနိုင်ငံအထည် ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) က လျာထားဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

ကိုတိုး