Main menu

Background

မြန်မာ့ဒူးရင်းသီး တရုတ်ဈေးကွက်သို့ GACC နည်းလမ်းဖြင့် တရားဝင်တင်ပို့နိုင်ရေး စီစဉ်

Thu, 12/04/2025 - 10:36 -- journal_editor

ပြည်တွင်းမှ ထွက်ရှိသည့် ဒူးရင်းသီးများကို တရုတ်ဈေးကွက်သို့ တရားဝင် GACC နည်းလမ်းဖြင့်  တင်ပို့နိုင်ရေးအတွက် မြန်မာနိုင်ငံ ဒူးရင်းသီး စိုက်ပျိုးထုတ်လုပ်  တင်ပို့ရောင်းချသူများအသင်းနှင့် စိုက်ပျိုး ရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 
ဒူးရင်းသီးအား တရုတ်ဈေးကွက်သို့ တင်ပို့နိုင်ရေးအတွက် လိုအပ် သည့်  အထောက်အထားGeneral Administration of Customs of China(GACC)) ရရှိရန် လိုအပ်လျက်ရှိကြောင်း သိရ သည်။
ထို့ပြင် ပြည်တွင်းရှိ  ဒူးရင်းသီးမျိုးကွဲပေါင်း ၁၈ မျိုးရှိသည့်အနက် ပြည်ပဈေးကွက်  တင်ပို့နိုင်ရေးအတွက် ဒူးရင်းမျိုးများဖြစ်သည့် မွန် ထောင်း၊ မူစံကင်၊ ဆူးမဲ စသည့်မျိုးများကို စိုက်ပျိုးသွားမည်ဖြစ်ပြီး လက်ရှိ တွင် ကြိုတင်ပြင်ဆင်မှုအနေဖြင့် ပြည်ပဈေးကွက်ရရှိရေး ပြင်ဆင်မှုများ လုပ်ဆောင်လျက်ရှိသည်။
ပြည်တွင်း၌  မေ၊ ဇွန်၊ ဇူလိုင်လတို့တွင် ဒူးရင်းသီးလှိုင်လှိုင် ထွက် သောအချိန်ဖြစ်ပြီး ယခုနှစ်တွင် ပြည်တွင်းစားသုံးမှု ဖူလုံမှုမရှိသေးသည့် အခြေအနေကြောင့် ပြည်တွင်းစားသုံးမှုဖူလုံမှသာ ပြည်ပသို့ စည်းမျဉ်း စည်းကမ်းများနှင့်အညီ တင်ပို့သွားမည်ဖြစ်သည်။
ပြည်တွင်းတွင် ထွက်ရှိသည့် ဒူးရင်းသီးသည် ပြည်တွင်းစားသုံးမှု မြင့်မားရုံသာမက တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့က ဝယ်လိုအားမြင့်မား သည့် သီးနှံဖြစ်သည့်အတွက် တရုတ်ဈေးကွက်သို့ တင်ပို့နိုင်ရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ကိုတိုး