ပြည်ပနိုင်ငံများသို့ ရေထွက်ကုန် ပစ္စည်းများ တင်ပို့လျက်ရှိရာမှာ ယခု ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ အောက်တိုဘာ ၃၁ ရက်အထိ ခုနစ်လတာကာလ အတွင်း ငါးမက်ထရစ်တန် ၁၆၀ဝ၀ဝ ကျော် တင်ပို့ထားပြီးဖြစ်ကြောင်း ငါး လုပ်ငန်းဦးစီးဌာနထံမှ သိရသည်။
ယခုဘဏ္ဍာနှစ်အတွင်း ပုံမှန် ကုန်သွယ်မှု ပင်လယ်ရေကြောင်းမှ ငါး မက်ထရစ်တန် ၈၅၇၅၆ ဒသမ ၉၁ တင်ပို့ခဲ့ပြီး အမေရိကန် ဒေါ်လာ ၁၃၁ ဒသမ ၈၄၆ သန်း၊ နယ်စပ်ကုန်သွယ်ရေး မှ ငါးမက်ထရစ်တန် ၇၉၃၅၂ ဒသမ ၄၇၇ တန်တင်ပို့ခဲ့ကာ အမေရိကန် ဒေါ်လာ ၆၉ ဒသမ ၂၅၁ သန်း ရရှိခဲ့ ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ငါးအပါ အဝင် အခြားရေထွက်ကုန်ပစ္စည်းများ ကို ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိရာ ယခုဘဏ္ဍာနှစ် ခုနစ်လတာ ကာလ အတွင်း ရေထွက်ကုန် စုစုပေါင်း မက် ထရစ်တန် ၂၃၄၁၀၇ဒသမ ဝ၈၆ တင်ပို့ ထားကြောင်း ငါးလုပ်ငန်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။
လက်ရှိတွင် ပြည်တွင်းမှ ထွက် ရှိသည့် ငါး၊ ပုစွန် စသည့် ရေထွက် ကုန်ပစ္စည်းများကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန် စသည့် ပြည်ပ နိုင်ငံပေါင်း ၄၀ ကျော်သို့ တင်ပို့နေခြင်း ဖြစ်ကြောင်း သိရသည်။
ကိုတိုး
