Main menu

Background

ပုသိမ်မြို့ပေါ်တွင် အရောင်းအဝယ်ဖြစ်နေသော ပြည်ပပို့ကုန် ဆံပင်ဈေးကွက်

Sat, 01/10/2026 - 12:13 -- journal_editor

ဧရာဝတီတိုင်းဒေသကြီး၏ ပြည်ပပို့ကုန်များ တွင် ပါဝင်သည့် ဆံပင်ဈေးကွက်မှာ တွင်ကျယ်လျက် ရှိသည်။ ပုသိမ်မြို့ပေါ်တွင် အဝယ်ဒိုင်များဖွင့်လှစ်၍ ဆံပင်ကုန်ကြမ်းများ  ဝယ်ယူကာ ပြည်ပနိုင်ငံများသို့ တစ်ဆင့်  ပြန်လည်ရောင်းချလျက်ရှိကြောင်း သိရ သည်၊
ဆံပင်အဝယ်ဒိုင်မှ ၁၂-၁၄လက်မ၊ ၁၅-၁၈ လက်မ၊ ၁၉-၂၀လက်မ၊ ၂၅-၂၈လက်မနှင့်  ၃၀ လက်မ အထက် ဆံပင်အတို-အရှည်  အမျိုးအစား ခွဲခြား၍ ဝယ်ယူလျက်ရှိပြီး ဈေးနှုန်းကွာခြားမှုရှိကြောင်း၊ ဆံပင်ဈေးနှုန်းမှာ တစ်ကျပ်သားလျှင် အနိမ့်ဆုံးကျပ် ၃၀ဝ၀-၄၀ဝ၀ မှ အမြင့်ဈေးနှုန်း ကျပ် ၄၀ဝ၀ဝ-၅၀ဝ၀ဝ ဈေးအတွင်း အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်၊
ပုသိမ်ဈေးကွက်သို့ ရန်ကုန်အဝယ်တော်များမှ လာရောက် ဝယ်ယူလျက်ရှိပြီး မန္တလေး၊ မော်လမြိုင် မြို့ကြီးများမှ တစ်ဆင့် ရောင်းချမှုရှိကြောင်းနှင့် တစ်ခါ တစ်ရံ ပြည်ပနိုင်ငံသားများမှလည်း တိုက်ရိုက်ဝယ်ယူ လျက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံမှ ဆံပင်လုပ် ငန်းရှင်များမှာ ယခင်က တရုတ်နိုင်ငံသို့သာ အဓိက တင်ပို့ရောင်းချမှုရှိပြီး ယခုအခါ ဗီယက်နမ်၊ ကိုရီးယား၊ ရုရှားနှင့်  ဥရောပနိုင်ငံများမှလည်း ဝယ်ယူလျက်ရှိ ကြောင်း သိရသည်၊
ဆံပင်ဈေးကွက်မှာ ဥရောပ၊ ကိုရီးယား၊ ရုရှား နိုင်ငံများတွင် ဈေးကွက်ကြီးမား၍ ဥရောပတိုက် အတွင်းရှိ ပြင်သစ် ကိန်းရုပ်ရှင်ပွဲတော်၊ နာတာလူး ပွဲတော်၊ ဖက်ရှင်ပွဲတော်၊ ခရစ္စမတ်ပွဲတော်များနှင့် အခြားထင်ရှားသော  ပွဲတော်များတွင် ဆံပင်တုကို အများဆုံး အသုံးပြုလျက်ရှိကြောင်းသိရသည်။ အသား အုပ်ပလာစတာပေါ်တွင် ဆံပင်တုကို တပ်ဆင်အသုံး ပြုခြင်းဖြင့် ထိပ်ပြောင်သူများအဆင်ပြေမှုရှိပြီး ဆံပင် တုကို မုတ်ဆိတ်မွေး၊  ပါးမြိုင်းမွေး အတုပြုလုပ်ခြင်း တရုတ်ရုပ်ရှင်ကားများတွင် ဆံတုဆံထိုး ပြုလုပ်အသုံး ပြုခြင်း၊ ဂီတ၊ ရုပ်ရှင် အနုပညာနယ်ပယ်နှင့် ပျော်ပွဲ၊ ရွှင်ပွဲများတွင် ဆံပင်တုကို အမျိုးမျိုး  တွင်ကျယ်စွာ အသုံးပြုလျက်ရကြောင်း သိရသည်၊  

 

ဧရာမြေ(ပုသိမ်)