Main menu

Background

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုသည့် ကျိုင်းလပ်ကုန်သွယ်ရေးစခန်း

Tue, 03/03/2026 - 12:39 -- journal_editor

မဲခေါင်-လန်ချန်း   ပူးပေါင်းဆောင်ရွက်မှုကို ဒေသတွင်း ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးတို့ကို ဖော်ဆောင်သွားရန်၊ ဖွံ့ဖြိုးတိုးတက်မှုကွာဟချက်များ ကို လျှော့ချရန်နှင့်  ဒေသတွင်းနိုင်ငံများ၏ အလုံးစုံ ပါဝင်သော စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေး ကြိုးပမ်းမှုများကို အထောက်အကူပြုရန် ရည်ရွယ်၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ 
၂၀၁၆ ခုနှစ် မတ် ၂၃ ရက်တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဟိုင်နန်ပြည်နယ် စန်းယမြို့၌  ကျင်းပခဲ့ သည့် ပထမအကြိမ် မဲခေါင်-လန်ချန်းပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာ ထိပ်သီးအစည်းအဝေး၌ ထုတ်ပြန်ခဲ့ သည့် စန်းယကြေညာစာတမ်း (ှညေပေ ီနခူမေအေငသည) ဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အစီ အစဉ်ကို တရားဝင်စတင်ခဲ့ခြင်းဖြစ်သည်။
ကျိုင်းလပ်ကုန်သွယ်ရေးစခန်းသည် ရှမ်းပြည် နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင် မြန်မာ-လာအို- ထိုင်း သုံးနိုင်ငံနယ်စပ် ရွှေတြိဂံဒေသတွင် တည်ရှိပြီး ၂၀၁၅ ခုနှစ် မတ် ၁၅ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ကျိုင်းလပ်ဒေသသည် လာအိုနိုင်ငံနှင့် မဲခေါင်မြစ်ကို ဖြတ်သန်း၍  ချစ်ကြည်ရေးတံတားဖြင့် ဆက်သွယ် ထားသည်။    ကျိုင်းလပ်ကုန်သွယ်ရေးစခန်းသည် မဲခေါင်မြစ်ကို အသုံးပြု၍ လာအို၊ ထိုင်း၊ တရုတ်နိုင်ငံ တို့နှင့် ရေကြောင်းဖြင့်လည်းကောင်း၊ မြန်မာ-လာအို ချစ်ကြည်ရေးတံတားကို အသုံးပြု၍ လာအိုနိုင်ငံနှင့် တရုတ်နိုင်ငံတို့သို့  ကုန်းကြောင်းဖြင့်  လည်းကောင်း ကုန်သွယ်မှုဆောင်ရွက်နိုင်သည့် စခန်းဖြစ်သည်။
စခန်းဖွင့်လှစ်ထားရှိသည့်  ကျိုင်းလပ်မြို့သည် မြန်မာ-လာအို နယ်နိမိတ်မျဉ်းအနီး တည်ရှိနေမှုနှင့် ရွှေတြိဂံဒေသ၏ ပထဝီဝင်ဒေသအရ စီးပွားရေးမဟာ ဗျူဟာကျမှုတို့ကြောင့် တရုတ်၊ လာအို၊ ဗီယက်နမ်၊ ထိုင်းနိုင်ငံများနှင့် အပြန်အလှန် ကုန်သွယ်မှု ဆောင် ရွက်နိုင်ခြင်း၊ တစ်ဆင့်ခံ ကုန်သွယ်မှု (ွှမညျေငအ ွှမေိန) ဆောင်ရွက်နိုင်ခြင်း   စသည့်   ကုန်သွယ်မှုဆိုင်ရာ အခြေခံကောင်းများရှိသော   စခန်းဖြစ်သည့်အတွက် မဲခေါင်-လန်ချန်း  ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများအနေဖြင့်  မြန်မာနိုင်ငံမှတစ်ဆင့် အာရှအနောက်ပိုင်းနိုင်ငံများနှင့် ဥရောပနိုင်ငံများသို့ တစ်ဆင့်ခံ ကုန်သွယ်မှု (ွှမညျေငအ ွှမေိန) လမ်းကြောင်း တစ်ခုပွင့်လာပြီး ဒေသတွင်းစီးပွားရေး ပိုမိုဖွံ့ဖြိုးတိုး တက်လာမည်ဖြစ်သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံသည်     မဲခေါင်-လန်ချန်း  အဖွဲ့ဝင်နိုင်ငံများအား   မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေဖြင့် စီမံကိန်းများ အကောင်အထည်ဖော်   ဆောင်ရွက်နိုင်ရေး  နှစ်စဉ် ထောက်ပံ့ပေးလျက်ရှိရာ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံ ငွေ ၂၀၂၁ ဖြင့် “ွှသ နျအဘေူငျ့ ုပငေညါူစေ ဘသမိနမ အမေိန ်ခေငူငအအေငသည သ်ငခန အသ နည့ညေခန အမေိန တငအ့ ူညေခညေါ- နြုသညါ ခသကညအမငနျ စီမံကိန်း}}ကို အကောင် အထည်ဖော် ဆောင်ရွက်ခွင့်ရရှိခဲ့ပြီး ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့၌ တည်ရှိ သည့် ကျိုင်းလပ်ကုန်သွယ်ရေးစခန်းအား အဆင့်မြှင့် တင် တည်ဆောက်ခဲ့သည်။ မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုအထူးရန်ပုံငွေ ၂၀၂၁ ဖြင့် အမေရိကန် ဒေါ်လာလေးသိန်းနှင့် ညီမျှငွေ ကျပ်သန်း ၇၄၀ ရရှိ ခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျိုင်းလပ်ကုန် သွယ်ရေးစခန်းအား ကုန်သွယ်ရေးစခန်း အင်္ဂါရပ်နှင့် ညီညွတ်စေရန်အတွက်    တည်ဆောက်ရေးလုပ်ငန်း ခုနစ်မျိုးအား ဆောင်ရွက်ခဲ့သည်။
၂၀၂၃ ခုနှစ် သြဂုတ် ၂၆ ရက်တွင် ကျိုင်းလပ် ကုန်သွယ်ရေးစခန်းအား စီးပွားရေးနှင့်  ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ဦးဆောင်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ လာအိုပြည်သူ့ဒီမိုကရက်တစ်  သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး  ဦးမြတ်သက်ဦး၊  မြန်မာနိုင်ငံ ဆိုင်ရာ   လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံရုံးမှ ဒုတိယသံရုံးအကြီးအကဲ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ  စီးပွားရေးသံမှူး၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံမှ ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် စီးပွားရေးလုပ်ငန်းရှင် များ၊  ဌာနဆိုင်ရာများ၊ ကုန်သည်လုပ်ငန်းရှင်များ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) မှ ကုန်သည်လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာ  တာဝန်ရှိသူများ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့်အတူ ဖွင့်လှစ်ခဲ့သည်။
လက်ရှိတွင် ကျိုင်းလပ်ကုန်သွယ်ရေးစခန်းမှ တစ်ဖက်လာအိုနိုင်ငံသို့ ရွှေဖရုံသီး၊ ဆေးရွက်ကြီး၊ ဆီးဆံ၊ ‌ရော်ဘာ၊ ဝဥခြောက်၊ ကွမ်းသီးခြောက်၊ ပုစွန် ဖွဲများ၊ ဆိတ်အရှင်များ အဓိကတင်ပို့လျက်ရှိပြီး ကုန် သွယ်မှုပမာဏအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တွင် အမေရိကန်ဒေါ်လာ စုစုပေါင်း ၁ ဒသမ ၁၉၅ သန်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင်  အမေရိကန် ဒေါ်လာစုစုပေါင်း သုည ဒသမ ၇၂၉ သန်းနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာစုစုပေါင်း သုည ဒသမ ၄၈၅ သန်း ဆောင်ရွက်နိုင်ခဲ့သည်။
ကျိုင်းလပ်ကုန်သွယ်ရေးစခန်း အဆင့်မြှင့်တင် ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံနှင့် လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံတို့အကြား နှစ်နိုင်ငံဒေသ ဖွံ့ဖြိုးရေးနှင့် ကုန်သွယ်မှုတို့ကို ပိုမိုဖွံ့ဖြိုးတိုးတက်လာ စေမည်ဖြစ်ပြီး  အနာဂတ်တွင်  အာရှအနောက်ပိုင်း နိုင်ငံများ၊ ဥရောပနိုင်ငံများထံသို့ မြန်မာနိုင်ငံမှ တစ် ဆင့်ခံဖြတ်သန်းကုန်သွယ်နိုင်သည့်  လမ်းကြောင်း အဖြစ် အသုံးပြုနိုင်မည်ဖြစ်သည်။  ယခုအချိန်တွင် နိုင်ငံတော်၏ စီးပွားရေး  ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အကူပြုသည့် ကုန်သွယ်ရေးစခန်း တစ်ခုအဖြစ် တည်ရှိနေပြီး အနာဂတ်တွင် ကုန်သွယ်မှု လုပ်ငန်းများ  ပိုမိုကောင်းမွန်စွာ  ဆောင်ရွက်နိုင်မည့် ကုန်သွယ်ရေးစခန်းတစ်ခု  ပေါ်ထွန်းလာစေမည်ဖြစ် သည်။

 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန