Main menu

Background

ယခုဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) အမေရိကန်ဒေါ်လာသန်း ၄၀ဝ နီးပါး ဝင်ရောက်ထား

Wed, 03/04/2026 - 13:02 -- journal_editor

၂၀၂၅ – ၂၀၂၆ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု (FDI)တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၄၀ဝ နီးပါး ဝင်ရောက်ထားပြီး ကုန်ထုတ်လုပ်မှုကဏ္ဍ၌ အများဆုံး ဝင် ရောက်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြား မှုဦးစီးဌာန၏ အချက်အလက်များအရ သိရသည်။
ယင်းကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၆၇ ခု ဝင်ရောက်ထားပြီး ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၉၈ ဒသမ ၃၅၇ သန်း ဝင်ရောက်ထားကြောင်း သိရသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) ဝင်ရောက်မှုအနေဖြင့်  ကုန်ထုတ်လုပ်မှုကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၆၃ ခုဖြင့် အများဆုံး ဝင်ရောက်ထားပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့ ကဏ္ဍ၌ လုပ်ငန်းသစ်တစ်ခု၊ ဝန်ဆောင်မှုကဏ္ဍ၌ ရင်းနှီးမြှုပ်နှံ မှုလုပ်ငန်းသစ် သုံးခု ဝင်ရောက်ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ ပေါင်း ၅၃ နိုင်ငံရှိသည့်အနက် စင်ကာပူ၊ တရုတ်နှင့် ထိုင်း နိုင်ငံတို့က ရင်းနှီးမြှုပ်နှံမှု အများဆုံး ပြုလုပ်ထားကြောင်း သိရ သည်။

ကိုတိုး