Main menu

Background

၁၁ လတာ ကာလအတွင်း ပြည်ပသို့ ပျားရည် တန်ချိန် ၉၈၆ ဒသမ ၂၃ မက်ထရစ်တန် တင်ပို့နိုင်ခဲ့

Mon, 04/20/2026 - 12:38 -- journal_editor

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၏ ဧပြီလမှ ဖေဖော်ဝါရီလ ကုန်အထိ ၁၁ လတာကာလအတွင်း  ပြည်ပသို့ ပျားရည် မက်ထရစ်တန်ချိန် ၉၈၆ ဒသမ ၂၃ ကျော်ခန့် တင်ပို့နိုင်ခဲ့ပြီး အဆိုပါတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၇၉ သန်း ရရှိခဲ့ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပျားမွေးမြူ ရေးဖွံ့ဖြိုးရေးဌာနခွဲမှ သိရသည်။  မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် ပျားရည်တန်ချိန် ၇၀ဝ၀ ထွက်ရှိပြီး ပြည်ပတင်ပို့မှုအနေဖြင့်  နှစ်စဉ် ပျမ်းမျှတန်ချိန် ၂၆၀ဝ ရှိကြောင်း သိရသည်။
ပြည်တွင်း၌ နှမ်းပျားရည်၊ ဆီးပျားရည်၊ ပန်းနှမ်းပျား ရည်၊ နေကြာပျားရည်၊ ရော်ဘာပျားရည်၊ လိုက်ချီးပျားရည်နှင့် ပန်းပေါင်းစုံ ပျားရည်များကို ထုတ်လုပ်နေခြင်းဖြစ်သည်။ ပြည်ပသို့ တင်ပို့ရာတွင် နှမ်းပျားရည်၊ ဆီးပျားရည်၊ ပန်း နှမ်းပျားရည်၊ နေကြာပျားရည်၊ ရော်ဘာပျားရည် ငါးမျိုးကို တင်ပို့ခြင်းဖြစ်ကြောင်း သိရပြီး ပျားရည်ကို ဂျပန်၊ တောင်ကို ရီးယား၊ ထိုင်း၊ တရုတ်နှင့် ဆော်ဒီအာရေဗျနိုင်ငံများသို့ ပုံမှန် တင်ပို့နေပြီး  ဂျပန်နိုင်ငံကို အများဆုံးတင်ပို့ရကြောင်း  သိရ သည်။ 

 

ကိုတိုး