မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ အစိုးရတို့အကြား ညှိနှိုင်း ဆောင်ရွက်ခဲ့မှုအရ အိန္ဒိယအစိုးရသည် မတ်ပဲနှင့် ပဲစင်းငုံ တို့ကို လွတ်လပ်စွာ တင်သွင်းခွင့်အား ၂၀၂၇ ခုနှစ် မတ် ၃၁ ရက်နေ့အထိ သက်တမ်းတိုးမြှင့်လိုက်ကြောင်း အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက ၂၀၂၆ ခုနှစ် မတ် ၃၁ ရက်တွင် အမိန့်ကြေညာစာများ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ယင်းသို့ တိုးမြှင့်လိုက်သည့် အိန္ဒိယ၏ ပဲတင်သွင်းခွင့် မူဝါဒသည် မြန်မာနိုင်ငံမှ ပဲမျိုးစုံ စိုက်ပျိုးသူများအတွက် အကျိုးရှိစေမည်ဖြစ်ကြောင်း အိန္ဒိယသံရုံးမှ ထုတ်ပြန်ထား သည်။
အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနှင့် နားလည်မှုစာချွန် လွှာရေးထိုးထားမှုအရ ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ နှစ်စဉ် မတ်ပဲ တန်ချိန် နှစ်သိန်းခွဲနှင့် ပဲစင်းငုံတန်ချိန် တစ်သိန်း ဝယ်ယူတင်သွင်းခဲ့ကြောင်း သိရသည်။
ထို့ပြင် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှုအနေဖြင့် ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၅ ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း သိရသည်။
ကိုတိုး
