Main menu

Background

ပြည်ပနိုင်ငံများသို့ ရော်ဘာတန်ချိန် ၂၈၀ဝ၀ဝ ခန့် တင်ပို့ထား

Mon, 04/20/2026 - 12:40 -- journal_editor

မြန်မာ့ရော်ဘာများကို ပြည်ပတင်ပို့ရာ၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း တန်ချိန် ၂၈၀ဝ၀ဝခန့် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၄၀ဝခန့် ဝင်ငွေရရှိ ခဲ့ကြောင်း မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသည်။ ယင်းသို့ တင်ပို့ထားသော ရော်ဘာများ အနက် ၇၅ ရာခိုင်နှုန်းခန့်ကို တရုတ်နိုင်ငံသို့ တင်ပို့နေခြင်းဖြစ်ပြီး ကျန်ရှိသော ပမာဏများကို မလေးရှား၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဗီယက်နမ်နှင့်  တောင်ကိုရီးယားနိုင်ငံများသို့လည်း  တင်ပို့ခဲ့ကြောင်း သိရသည်။
လက်ရှိဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံများသို့ ရော်ဘာတန်ချိန် စုစုပေါင်း  ၃ သိန်းကျော် တင်ပို့နိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။  မြန်မာနိုင်ငံတစ်ဝန်းတွင် ရော်ဘာစိုက်ပျိုးဧကပေါင်း ၁ ဒသမ ၆ သန်းကျော် ရှိပြီး မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် အများဆုံး စိုက်ပျိုးထွက်ရှိကြောင်း သိရသည်။ 

 

ကိုတိုး