Main menu

Background

မြန်မာနှင့် အိန္ဒိယတို့အကြား မတ်ပဲနှင့် ပဲစင်းငုံ ကုန်သွယ်မှု သက်တမ်းတိုးမြှင့်မည်

Thu, 05/14/2026 - 13:49 -- journal_editor

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား မတ်ပဲနှင့် ပဲစင်းငုံ ကုန် သွယ်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ သက်တမ်းတိုးမြှင့်သည့် အပြန်အလှန်အတည်ပြုလွှာ ExchangeofLetters လဲလှယ်သည့် အခမ်းအနားကို ဧပြီ ၉ ရက်  ညပိုင်းက နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံဘက်မှ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်း ကုန်သည်များအသင်းတို့မှ  တာဝန်ရှိသူများ၊  အိန္ဒိယနိုင်ငံဘက်မှ ပြည်ပရေးရာဝန်ကြီးဌာနနှင့် ရန်ကုန်မြို့ရှိ အိန္ဒိယသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်းနှင့် အိန္ဒိယသမ္မတနိုင်ငံ ပြည်ပရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီးHE Mr. Kirit Vardhan Singh တို့က အမှာစကား ပြောကြားကြသည်။
ထို့နောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊  အမြဲတမ်းအတွင်းဝန် ဦးအောင်သွင်ဦးနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးH.E. Sh. Abhay Thakur တို့က မတ်ပဲနှင့် ပဲစင်းငုံ အပြန် ကုန်သွယ်မှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာအား သက်တမ်းတိုးမြှင့်သည့် အပြန်အလှန် အတည်ပြု လွှာကို လဲလှယ်ကြသည်။
မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန နှင့် အိန္ဒိယနိုင်ငံ စားသုံးသူရေးရာ၊ အစားအသောက်နှင့် ဖြန့်ဖြူးရေးဝန်ကြီးဌာနတို့အကြား လက်မှတ်ရေးထိုးခဲ့သည့် မတ်ပဲနှင့် ပဲစင်းငုံ ကုန်သွယ်မှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ အား ၂၀၃၀-၂၀၃၁ ဘဏ္ဍာနှစ်အထိ ငါးနှစ်သက်တမ်း တိုးမြှင့်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ မတ်ပဲတန်ချိန် ၂ ဒသမ ၅ သိန်း နှင့် ပဲစင်းငုံ တန်ချိန် တစ်သိန်း နှစ်စဉ်တင်ပို့ခွင့်ရရှိမည်ဖြစ်ပြီး မြန်မာ နိုင်ငံရှိ တောင်သူလယ်သမားများ၊ ကုန်သည်များနှင့် ပို့ကုန်လုပ်ငန်း ရှင်များအနေဖြင့်လည်း ၎င်းတို့၏ စိုက်ပျိုးထုတ်လုပ် တင်ပို့မှုများ အတွက် ယုံကြည်စိတ်ချရမှုကို မြင့်တက်စေမည်ဖြစ်သည်။     
ထို့ပြင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ရှိထားပြီးဖြစ်သော ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်နားလည် ယုံကြည်မှုတို့ ပိုမိုခိုင်မာလာစေသည့်အပြင် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက် မှုများအတွက် လမ်းစသစ်များကို ဖော်ဆောင်ပေးနိုင်သော ဆွေးနွေးမှုများနှင့် ကောင်းမွန်သောရလဒ်များ ရရှိခဲ့‌ကြောင်း သိရသည်။
အခမ်းအနားအပြီးတွင် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား Park Royal Hotel ၌ ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။ 

DOT (Bilateral)