စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာန၊ ပို့ကုန်သွင်းကုန်ရုံး ရန်ကုန်တိုင်းဒေသကြီးတွင် နယ်စပ်ကုန်သွယ်ရေးနည်းလမ်းဖြင့် ရနောင်း-ကော့သောင်း၊ ရနောင်း-မြိတ်နှင့် ရနောင်း-ရန်ကုန် လမ်းကြောင်း မှ တင်သွင်းမှုလုပ်ငန်းစဉ် အသိပညာပေးခြင်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဧပြီ ၂၃ ရက် နံနက် ၉ နာရီခွဲတွင် ကျင်းပခဲ့ရာ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းလွင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြား ခဲ့သည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများမှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ အဆိုပါသင်တန်းမှာ သင်တန်းကာလနှစ်ရက်ကြာမြင့်ပြီး သင်တန်းသား/ သူ ၈၃ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
TTI
