Main menu

Background

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ထုတ်ပေးလျက်ရှိသည့် ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ်

Fri, 05/15/2026 - 11:12 -- journal_editor

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ် ရေးဦးစီးဌာနအနေဖြင့် ပို့ကုန်လုပ်ငန်းရှင်များအား အကောက်ခွန် သက်သာခွင့်များရရှိနိုင်ရန်အတွက် ပင်ရင်းနိုင်ငံ သက်သေခံ လက် မှတ်ဖြစ်သည့် AFTA(ATIGA FORM-D), ASEAN-CHINA FTA (FORM-E), ASEAN KOREA FTA(FORM AK),ASEAN JAPAN CEP (FORM-AJ). ASEAN -Australia & New Zealnd FTA(FORM AANZ), ASSEAN-India FTA(FORM AI),ASEAN - HONG KONG,China FTA (FORM AHK), Generalized system of preferences(FORM-A) Regional Comprehensive Economic Partnership(RCEP)Agreement နှင့် ညွှန်ကြားချက် များအား ထုတ်ပြန်ပေးလျက်ရှိရာ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ လိုက်နာဆောင်ရွက်ပြီး ထုတ်ပေးလျက်ရှိသည်။ 
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် GSP Form -A  ပင်ရင်းနိုင်ငံသက်သေခံလက်များကို ၁၉၉၀ ပြည့်နှစ်မှစတင်ခွင့်ပြုထုတ်ပေးလျက်ရှိရာ ဆက်လက်လွတ်လပ်သော ကုန်သွယ်မှုဒေသဆိုင်ရာ သဘောတူစာချုပ်များနှင့် တစ်ဖက်သတ် အကောက်ခွန် သက်သာခွင့်ဆိုင်ရာ အစီအစဉ်များအရ နှစ်အလိုက် ပို့ကုန်သွင်းကုန်နှင့် ပတ်သက်သည့် သတင်းလွှာများအား ထုတ်ပြန်၍ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်များ စိစစ်ထုတ်ပေးလျက်ရှိသည်။  
အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံ လက်မှတ်များအားလုံးကို စိစစ်ခွင့်ပြုထုတ်ပေးခွင့်ရှိသည့် အာဏာပိုင်အဖွဲ့အစည်းမှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တစ်ခုတည်းသာဖြစ်သည်။ 
အကောက်ခွန် သက်သာ/ ကင်းလွတ်ခွင့်  ခံစားရရှိနိုင်ရေးအတွက် ကိုက်ညီသည့် အခြေအနေ(၃)ရပ်ရှိရန်လိုအပ်ပါသည်-
    ၁။     ပင်ရင်းထုတ်ကုန်ဖြစ်ကြောင်း ဆုံးဖြတ်ရန်အတွက်သတ်မှတ် ထားသည့်ပင်ရင်းမှတ်ကျောက် (Original Criteria)
    ၂။    သယ်ယူပို့ဆောင်ရာတွင် ကုန်စည်၏ အခြေအနေကောင်းတစ်ရပ်ကို ထိန်းသိမ်းရန်မှအပ ကုန်စည်အား အခြားမည်သည့် ပြုပြင်ပြောင်းလဲမှုကိုမှမပြုလုပ်ရန် သတ်မှတ်ချက် ဖြစ်သည့် (territorial Requirments &Non-                                     manipulation)
    ၃။    ပင်ရင်းထုတ်ကုန်ဖြစ်ကြောင်း သက်သေခံသည့်အနေဖြင့် တင်ပြရမည့် စာရွက်စာတမ်း၊ ထုတ်လုပ်တင်ပို့သူကိုယ်တိုင် ပင်ရင်းထုတ်ကုန်ဖြစ်ကြောင်း ကြေညာသည့် စနစ်တို့ဖြစ်သည်။
တာချီလိတ် ကုန်သွယ်ရေးစခန်းတွင် FORM D လာရောက်လျှောက်ထားခြင်း၏   ကုန်ပစ္စည်းအများစုမှာ ငရုတ်သီး (အစို/ အခြောက်)၊ တံမြက်စည်း၊ လိမ္မော်သီး၊ သစ်ခေါက်၊ ပြောင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ဖြစ်ကြပြီး ၂၀၂၅ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလထိ FORM Dထုတ်ပေးပြီးစီးမှုစာရင်းမှာ ၁၃၀၇ စောင်ရေ၊ တန်ချိန် ၁၃၇၉၄၆၉၆၅ တန်ဖိုးအားဖြင့် ၈၂၇၈၇၇၇၅၅ ဒသမ ဝ၂ ဘတ်နှင့် ၃၆၇၀၉၂၅ ဒသမ ၄၀ ဒေါ်လာတို့ဖြစ်ပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှမတ်လထိ FORM D ထုတ်ပေးပြီးစီးမှုစာရင်း ၆၂၄ စောင်ရေ၊ တန်ချိန် ၃၃၄၈၈၃၃၉၉၊  တန်ဖိုးအားဖြင့် ၂၃၅၉၈၀၅၈၄ ဒသမ ၈၁ ဘတ်နှင့် ၂၂၈၃၃၅၂ ဒသမ ၂၀ဒေါ်လာတို့ လျှောက်ထားပြီးစီးပြီးဖြစ်သည်။

သန္တာ(တာချီလိတ်)