Main menu

Background

ပြည်ပသို့ ပုစွန်တန်ချိန် ၃၀ဝ၀ နီးပါးတင်ပို့မှုမှ ကန်ဒေါ်လာ ကိုးသန်းကျော်ရရှိ

Thu, 09/17/2026 - 14:38 -- journal_editor

ယခုဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ပုစွန်မက်ထရစ်တန် ၃၀ဝ၀ နီးပါး တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ကိုးသန်းကျော် ရရှိခဲ့ကြောင်း သိရသည်။
ဧပြီ ၁ ရက်မှ ဇူလိုင် ၃၁ ရက်အထိ  ပုစွန်မက်ထရစ်တန် ၂၉၅၆ ဒသမ ၆၃၆ တန် တင်ပို့ခဲ့ရာမှ အမေရိကန်ဒေါ်လာ ၉ ဒသမ ၃၄၄ သန်း ရရှိခဲ့ခြင်းဖြစ်သည်။
ယင်းပုစွန်တင်ပို့မှုများအနက် ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းမှ မက်ထရစ်တန် ၂၈၂၀ ဒသမ ၃၀၁ တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၈ဒသမ ၅၈၈ သန်း ရရှိခဲ့သည်။ နယ်စပ်လမ်းကြောင်းမှ မက်ထရစ်တန် ၁၃၆ ဒသမ ၃၃၅ တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ သုည ဒသမ ၇၅၆ သန်း ရရှိခဲ့သည်။
ပြည်တွင်းမှ ပုစွန်နှင့် ငါး အပါအဝင် ရေထွက်ကုန်များကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် ဂျပန်နိုင်ငံတို့အပါအဝင် နိုင်ငံပေါင်း ၄၀ ကျော်သို့ တင်ပို့လျက်ရှိပြီး ရန်ကုန်မြို့မှတစ်ဆင့် ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းအပြင် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှလည်း တင်ပို့လျက်ရှိသည်။
ယခုဘဏ္ဍာနှစ် ပထမလေးလအတွင်း ပြည်ပသို့ ရေထွက်ကုန်စုစုပေါင်း မက်ထရစ်တန် ၉၉ယဝ၇၉ ဒသမ၂၃ တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၇၂ ဒသမ ၈၀၅ သန်း ရရှိထားကြောင်း သိရသည်။

ကိုတိုး