မြန်မာ့ခရီးသွားမြှင့်တင်ရေးကော်မတီကပြုလုပ်ခဲ့သော Miss Tourism ရွေးချယ်ပွဲကို ၁၂.၂.၂ဝ၁ဝ ရက် နေ့က အင်းလျားလိပ် ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ဒီပြိုင်ပွဲ မှာတော့ Miss Tourism ဆုနှင့် Miss Dagon ဆုကိုဂျူးဂျူးကေက ရရှိခဲ့ပါတယ်။၂ဝ၁ဝနှစ်ဦးမှာ ဆုတံဆိပ်ကို ပိုင်ဆိုင်ခဲ့တဲ့ ဂျူးဂျုးကေကပြိုင်ပွဲတော်တော်များများမှာ ဆုရရှိခဲ့သူပါ။၂ဝ၁ဝရဲ့ နှစ်ဦးအစမှာ ဆုတွေရခဲ့တော့ ကံကောင်းခြင်းတွေ ပိုင်ဆိုင်ပြီလို့ ပြောလို့ ရတာပေါ့ ၂ဝ၁ဝဟာ ဂျူးဂျူးကေရဲ့ နှစ် ဖြစ်နေမလား။ မပြောပြတတ်တော့ဘူး အခုလို ဆုရတော့အရမ်းပျော်တယ်။ဂျူးဂျူးကေဆုတွေအများကြီး ရခဲ့ တယ် နော်။ ဟုတ်တယ်အမ ၊ (၁ဝ)ခု ကျော်ပြီ လေ။၂ဝဝ၈မှာ Miss La Pyae Wun ကစခဲ့တာပဲ။ အဓိက ဖြစ်ချင်တဲ့ အရာက ဘာများလဲ။ သရုပ်ဆောင်တစ်ယောက် ပါ။ အခုလည်း ဗီဒီယို ဇာတ် လမ်းတွေ စရိုက် နေပါပြီ။ Miss Tourism ဆုအတွက် ဂျူးဂျူးကေဘာတွေ ရခဲ့လဲ။ ငွေကဆယ်သိန်း၊ ရန်ကုန်- ဘန် ကောက် MAI လေယာဉ်လက် မှတ်၊ ဇွန်လမှာ ကျင်းပ မယ့်TTF Thailand Promotion ခရီးစဉ်မှာ Tourism Air Mandalay ခရီးစဉ် အသွားအပြန် လက်မှတ် ရပါတယ်။ဒီပြိုင်ပွဲမှာ ရရှိမှုတွေ ဂျူးဂျူးကေကိုဘယ်လို အထောက်အကူဖြစ်စေလဲ။ ကိုယ်လျှောက်နေတဲ့ အနုပညာလမ်းမှာ မှတ် တိုင်ဖြစ်တယ်လို့ ထင် တယ်။ပရိသတ်ကလည်း ကိုယ့်ကို ပို သတိ ထား မိသွား တယ်လေ။ အခုလိုဖြေကြား ပေးလို့ ကျေးဇူးတင်ပါတယ်။ ဟုတ်ကဲ့ ..သမီးကလည်း ကျေးဇူးတင်ပါတယ် ။
Background