Main menu

Background

ကျောက်ဆည်နနွင်းဈေးမော့

Thu, 03/11/2010 - 06:15 -- Anonymous (not verified)

     ပြည်ပဝယ်လိုအားကောင်းတဲ့ နနွင်းတက်ဟာ အသစ်ပေါ်စကနေ ယခုအချိန်ထိ ဈေးမော့နေဆဲဖြစ်ပါတယ်။ ဗမာနနွင်း တက်ဟာ ရှမ်းနနွင်းတက်ထက် အရည်အသွေး ပိုမိုကောင်းမွန်တာကြောင့် ဈေးပိုကာ ဒေသတွင်း နနွင်းအသုံးပြုသူများ အနေနဲ့ ရှမ်းနနွင်းတက်ကိုသာ အသုံးပြုကာ ဗမာနနွင်းတက်ကို  ပြည်ပတင်ပို့လျက်ရှိပါတယ်။ ဗမာနနွင်းတက်ဟာ အခုချိန်မှာ တစ်ပိဿာကို ၂၅ဝဝ ကျပ်နဲ့ ကျောက်ဆည်နယ်မှ ကုန်သည်များဝယ်ယူကြပြီး ရန်ကုန် ဈေးကွက်က တစ်ဦးစ၊ နှစ်ဦးစကလည်း တောပွဲစားများနဲ့ ဝယ်ယူနေကြကြောင်း သိရပါတယ်။ ယခုနှစ် ်နနွင်းတက်အသစ် ပေါ်စကနေ ယခုအချိန်ထိ ကျောက်ဆည်ဒေသမှ ဗမာနနွင်းတက်ကို ရန်ကုန်သို့တင်ပို့မှု မရှိသလောက် နည်းလာတာကို တွေ့ရပါတယ်။ စစ်တွေမှ တစ်ဆင့် ဘင်္ဂလားဒေ့ရှ်သို့ နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းမှ တင်ပို့လျက်ရှိရာ ယခုနနွင်း ရာသီမှာ ကုန်ချိန်ပိဿာ ၂ သိန်း ဝန်းကျင်ခန့် တင်ပို့ ပြီးစီးကြောင်း ကုန်သည်ရပ်ကွက်ကသိရပါတယ်။  သင်းသင်းမြတ်