Main menu

Background

ကျောင်းသားကျောင်းသူများအတွက် Singapore Standard Text Exam ကိုအခမဲ့စစ်ဆေးပေးမည်

Mon, 03/01/2010 - 10:06 -- Anonymous (not verified)

    စင်ကာပူနိုင်ငံသို့ ကျောင်းသွားတက်ရောက်ရန် ရည်ရွယ်ထားသော အသက် ၆ နှစ်မှ ၁၄ နှစ်အရွယ် ကျောင်းသား/သူများ အတွက် Singapore Standard Text Exam ကို အခမဲ့ စစ်ဆေးပေးမည်ဖြစ်ကြောင်း Hawaii Education မှ လက်ထောက် မန်နေဂျာ မခိုင်ခိုင်ထက်က ပြောကြားသည်။    `မြန်မာနိုင်ငံမှာရှိတဲ့ ကလေးတွေရဲ့အင်္ဂလိပ်စာအရည်အချင်း ဘယ်လောက်ရှိလဲဆိုတာကို စစ်ဆေးပေးသွားမှာပါ။ ကလေး တွေကလက်ရှိ ကျောင်းတက်တဲ့အခါ အင်္ဂလိပ်ကျောင်းတက်သူရှိသလို၊ မတက်တဲ့သူလည်းရှိတယ်။ စင်ကာပူကို ကျောင်းသွား တက်ဖို့ရည်ရွယ်ထားတဲ့ ကလေးတွေအတွက် သူတို့ရဲ့အင်္ဂလိပ်စာအရည်အချင်း ဘယ်လောက်ရှိလဲ အရည်အချင်းပြည့်မှီလား မမှီလားဆိုတာကို စစ်ဆေးပေးသွားမှာပါ။ ဖြေဆိုမယ့်သူတွေကို အရည်အချင်း သတ်မှတ်ထားတာတော့မရှိပါဘူး။ ဖြေဆိုမယ့် ကလေးတိုင်းက အင်္ဂလိပ်စာနဲ့ သချာၤဘာသာရပ်ကို ဖြေဆိုရမှာပါ`ဟု ယင်းကပြောသည်။    အဆိုပါ Singapore Standard Text Exam ကိုကျောင်းသား/သူများ အတွက်မိမိ ပညာရေးဗဟုသုတမှာ စင်ကာပူနိုင်ငံ အစိုးရ ကျောင်းများမှသတ်မှတ်ပေးထားသော ပညာရေးအဆင့်နှင့် မည်သို့ညီမျှသည်ကို သိရှိနိုင်ရန် စစ်ဆေးပေးခြင်းဖြစ်ပြီး မတ် လ၊ ၁၊ ၈၊ ၁၅ ရက်နေ့များတွင် စစ်ဆေးပေးမည်ဖြစ်ကြောင်းနှင့် တစ်ကြိမ်လျှင် ၃၀ ဦးဖြင့်စုစုပေါင်း ၉၀ ဦးကိုစစ်ဆေးပေးသွား မည်ဖြစ်ကြောင်း သိရသည်။