Main menu

Background

ပိုးစာဝိုင် ထုတ်လုပ်မှုမှသည်MSME ဖွံ့ဖြိုးမှုဆီသို့

Tue, 09/15/2026 - 13:18 -- journal_editor

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသော နိုင်ငံ ဖြစ်ပြီး ဒေသအသီးသီးတွင်ထွက်ရှိသော သီးနှံများကိုအခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်လာကြသည်။ ထိုသို့ တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်လာသည်နှင့်အမျှ မြန်မာ နိုင်ငံ၏မြောက်ဖျားဒေသဖြစ်သောကချင်ပြည်နယ်သည် သဘာဝတောတောင်အလှများ၊ ရေမြေအရင်းအမြစ်များနှင့် ထူးခြားကောင်းမွန်စွာရှိခြင်းကြောင့် သီးနှံများစွာထွက်ရှိသည်။ အဆိုပါဒေသထွက်သီးနှံများမှ တန်ဖိုးမြှင့်ထုတ်ကုန် များဖြစ်သည့် ရိုးရာအစားအသောက်များ၊ ယိုအမျိုးမျိုး၊ အချိုရည်အမျိုးမျိုးအပြင် ဝိုင်အမျိုးမျိုးလည်း ထုတ်လုပ်လာကြသည်။ 
ကချင်ပြည်နယ်မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်တို့တွင် ဒေသထွက်ကုန်အဖြစ် စိုက်ပျိုးထွက်ရှိသည့် သီးနှံများအနက်ပိုးစာသီးပင် စိုက်ပျိုးထုတ်လုပ်မှုသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ပိုးစာပင်ကို အစေ့စိုက်ပျိုးခြင်းနှင့် ကိုင်းကူးစိုက်ပျိုးခြင်းဟူ၍ နှစ်မျိုးစိုက်ပျိုးကြပြီး အစေ့စိုက်ပျိုးခြင်းကိုငါးနှစ်ခန့်တွင် ရိတ်သိမ်းခူးဆွတ်နိုင်ပြီး ကိုင်းကူးစိုက်ပျိုးခြင်းအားသုံးနှစ်ခန့်တွင် ရိတ်သိမ်းခူးဆွတ်နိုင်သဖြင့် အများအားဖြင့် ကိုင်းကူးစိုက်ပျိုးခြင်းကို အဓိကထား၍ စိုက်ပျိုးကြသည်။ 
ကချင်ပြည်နယ်ဒေသထွက်ပိုးစာသီးများကို ပိုးစာဝိုင်အဖြစ်ထုတ်လုပ်ရာတွင်အသီး၏သဘာဝအရသာနှင့် မွှေးရနံ့ကို ထိန်းသိမ်းနိုင်ရန် အချဉ်ဖောက်နည်းစနစ်ကို အသုံးပြုထားပြီးအချဉ်ဖောက်ခြင်းလုပ်ငန်းစဉ်သည် ဝိုင်၏အရောင်၊ အနံ့နှင့် အရသာတို့ကို အဆုံးအဖြတ်ပေးသည့် အရေးကြီးသောအဆင့်ဖြစ်သည်။ ထိုသို့အချဉ်ဖောက်ရာတွင် ဝိုင်အဆင့်သို့ရောက်ရှိရန် အနည်းဆုံးတစ်နှစ်သက်တမ်းရှိရမည်ဖြစ်ပြီး သက်တမ်းကြာလေ အရည်အသွေးပိုမိုကောင်းမွန်ပြီးအရသာပိုပြင်းလေဖြစ်သည်။ပိုးစာဝိုင်၏ထူးခြားချက်မှာဒေသခံသဘာဝပတ်ဝန်းကျင်၏အရသာနှင့်ယဉ်ကျေးမှုကို ကိုယ်စားပြုခြင်းဖြစ်ပြီးကချင်ပြည်နယ်၏ အေးမြသောရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်များကြောင့် အရည်အသွေးကို ကောင်းမွန်စေပြီး သဘာဝဆန်သောအရသာကို ရရှိစေသည်။ 
ထို့ပြင် ပိုးစာဝိုင်ထုတ်လုပ်မှု ပိုမိုဖွံ့ဖြိုးတိုးတက်လာခြင်းအားဖြင့် ဒေသခံပိုးစာစိုက်ပျိုးသူများ၊ အသီးစုဆောင်းသူများ၊ ဝိုင်ထုတ်လုပ်သူများ၊ ထုပ်ပိုးရောင်းချသူများအတွက် အလုပ်အကိုင်ဖန်တီးပေးနိုင်သည့် ဒေသထုတ်ကုန်တစ်မျိုးလည်းဖြစ်လာသည်။ ပိုးစာဝိုင်သည် စိုက်ပျိုးရေးထုတ်ကုန်၏ တန်ဖိုးကိုမြှင့်တင်ပေးသည့်  ထုတ်ကုန်လည်းဖြစ်သည်။  ပိုးစာသီးကို အစိမ်းသီးအဖြစ်ရောင်းချပါက ရာသီအလိုက် ဈေးကောင်းရရှိနိုင်သော်လည်း သက်တမ်းတိုသောကြောင့် အလေအလွင့်ဖြစ်နိုင်ပြီးဝိုင်အဖြစ်ပြောင်းလဲထုတ်လုပ်ခြင်းအားဖြင့် ထုတ်ကုန်၏တန်ဖိုးမြင့်တက်လာခြင်း၊ ဈေးကွက်ပိုမိုကျယ်ပြန့်လာခြင်း၊ သိုလှောင်နိုင်သည့်ကာလ ပိုမိုရှည်လျားလာခြင်းတို့ကြောင့် စိုက်ပျိုးသူနှင့် ထုတ်လုပ် သူတို့၏ ဝင်ငွေများတိုးလာမည်ဖြစ်သည်။ ပိုးစာဝိုင်ထုတ်လုပ်မှု ပိုမိုတိုးတက်လာသည်နှင့်အညီ ပိုးစာသီးအတွက် တည်ငြိမ်သောဈေးကွက်တစ်ခုဖြစ်ပေါ်လာမည်ဖြစ်ကာ ပိုးစာစိုက်ပျိုးသူများ၏ ဈေးနှုန်းအတက်အကျဒဏ်ကို လျှော့ချနိုင်ပြီး စိုက်ပျိုးထုတ်လုပ်မှုကို ပိုမိုတိုးချဲ့ နိုင်မည်ဖြစ်၍ တောင်သူများ၏ ဝင်ငွေ တိုးတက်လာမည်ဖြစ် သည်။
ကချင်ပြည်နယ်မှ ထွက်ရှိသော ဝိုင်အမျိုးမျိုးထဲတွင် ပိုး စာဝိုင်သည် ကချင်ဒေသထွက် ဝိုင်အမှတ်တံဆိပ် တစ်ခုဖြစ် သည်။  ပိုးစာဝိုင် ထုတ်လုပ်ရောင်းချသူများအနေဖြင့် ဈေးကွက်အတွင်း ၃၅၀ ာူ တစ်ပုလင်းလျှင်  ကျပ် ၁၀ဝ၀ဝ ခန့်ဖြင့် လည်းကောင်း၊ ၇၅၀ ာူ  တစ်ပုလင်းလျှင်ကျပ် ၂၀ဝ၀ဝ ဖြင့် လည်းကောင်း ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ 
ကချင်ဒေသထွက်ပိုးစာဝိုင်သည် ဒေသထွက် ပိုးစာသီး ကို အသုံးပြု၍ ထုတ်လုပ်သည့် တန်ဖိုးမြှင့်ထုတ်ကုန်တစ်မျိုး ဖြစ်ပြီး မြန်မာနိုင်ငံ၏ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွား ရေး လုပ်ငန်းများ (ြှနြ)အတွက် အရေးပါသော အခန်းကဏ္ဍတွင်ပါဝင်နေသည်။ ဝိုင်ထုတ်လုပ်သည့် လုပ်ငန်း ရှင်များအနေဖြင့် အရည်အသွေးစံနှုန်း၊ အစားအသောက် ဘေးကင်းလုံခြုံရေးစံနှုန်း၊ ခေတ်မီထုပ်ပိုးမှု၊ ဈေးကွက်ရှာဖွေ ရေး၊ ဥပဒေစည်းမျဉ်းများနှင့်အညီ ထုတ်လုပ်နိုင်ရန် နှင့် ပြည်တွင်းသာမက ပြည်ပဈေးကွက်များအထိ  ထိုးဖောက်နိုင်ရန် အတွက် ကချင်ပြည်နယ်MSME ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲများနှင့် နေပြည်တော်တွင် ကျင်းပပြုလုပ်သည့်MSME ပြပွဲ၊ ပြိုင်ပွဲများသို့ သွားရောက်ခင်းကျင်း ပြသလျက်ရှိသည်။ 
ဝိုင်ထုတ်လုပ်မှုသည် မြန်မာနိုင်ငံ၏ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသည့်ဒေသထုတ်ကုန်တစ်ခုဖြစ်လာမည်ဖြစ်ပြီး အရည်အသွေးစံနှုန်းများ မြှင့်တင် ထုတ်လုပ်ခြင်း၊ ပြပွဲများခင်းကျင်းပြသခြင်းအားဖြင့်MSME လုပ်ငန်းများ၏ ယှဉ်ပြိုင်နိုင်စွမ်းကိုလည်း မြှင့်တင်ပေးနိုင်မည်ဖြစ်ပါသည်။ 
ယနေ့ခေတ်တွင် ကချင်ဒေသထွက်ဝိုင်များသည် ဒေသခံများသာမက ခရီးသွားဧည့်သည်များ၏ စိတ်ဝင်စားမှုကိုလည်း ရရှိလာကြသဖြင့် ဝိုင်ထုတ်လုပ်သည့် စက်ရုံများ၊ အလုပ်ရုံများနှင့် ပိုးစာစိုက်ခင်းများ တိုးတက်လာပါက ပြည် တွင်း၊ ပြည်ပခရီးသွားများကိုဆွဲဆောင်နိုင်သည့် ဒေသထုတ်ကုန်တစ်မျိုးဖြစ်လာမည်ဖြစ်ပြီး  ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသကဲ့သို့ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းခြင်း၊ ဒေသခံ စားသောက်ဆိုင်များ၊ ဟိုတယ်နှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများကိုလည်း  အကျိုးသက် ရောက်စေမည်ဖြစ်သည်။
ပိုးစာဝိုင်သည် ဝိုင်ထုတ်ကုန်တစ်မျိုးသာမက  မြန်မာနိုင်ငံ၏ MSME ကဏ္ဍ၊ စိုက်ပျိုးရေး၊ ကျေးလက်စီးပွားရေး၊ ဒေသအမှတ်တံဆိပ်တည်ဆောက်ရေးနှင့် ခရီးသွားလုပ်ငန်း များကို တစ်ပြိုင်နက် အထောက်အကူပြုနိုင်သော တန်ဖိုးမြှင့် ထုတ်ကုန်တစ်မျိုးဖြစ်သောကြောင့် ထုတ်လုပ်မှုစံနှုန်းများမြှင့် တင်ပြီး ပြည်တွင်း၌သာမက ပြည်ပဈေးကွက်အထိ တိုးချဲ့နိုင် ပါက ပိုးစာဝိုင်သည် မြန်မာနိုင်ငံ၏ ဒေသအခြေပြု MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတွင်အရေးပါသော ထုတ်ကုန်တစ်ခုဖြစ်လာမည်ဖြစ်ပြီး ကချင်ပြည်နယ်တွင် လက်ရှိစိုက်ပျိုး ထုတ်လုပ်သည့် တောင်သူများ ထိုက်သင့်သည့် ဝင်ငွေများတိုးတက်လျက်ရှိကြောင်း ရေးသားတင်ပြလိုက်ပါသည်။                                 

စန်းရုန် (ကချင်)