Main menu

Background

ကြိုပွိုင့်ဈေး ကျဆင်းခြင်းနဲ့အတူ စားအုန်းဆီလက်ငင်းဈေးလည်းလျော့လာ

Tue, 02/09/2010 - 04:52 -- Anonymous (not verified)

   ဖေဖော်ဝါရီပထမပတ်အတွင်း စားအုန်းဆီဈေးနှုန်းဟာ ယခင် တစ်ပတ်ထက် တစ်တန်ကို ရင်းဂစ် ၁၃ဒသမ ၅ဝ (ကန်ဒေါ်လာ ၃ ဒသမ ၉၂)လျော့ကျပြီး အနိမ့် ဆုံးရင်းဂစ် ၂၄၃ဝဒသမ ၅ဝ၊ အမြင့်ဆုံးရင်းဂစ် ၂၄၇ဝ(ကန်ဒေါ်လာ ၇ဝ၆-၇၁၇) ဈေးနဲ့ အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ အလားတူ RBD Palm olein ဈေးကလည်း ရင်းဂစ် ၁၅ ဒသမ ၅ဝ(ကန်ဒေါ်လာ ၄ဒသမ ၅)လျော့ကျပြီး ကန်ဒေါ်လာ ၇၄၄ ဒသမ ၅ဝ ဈေးဖြစ်လာပါတယ်။ စားအုန်းဆီဈေးနှုန်း ကျဆင်းရခြင်း အဓိက အကြောင်းရင်းတွေကတော့ ရေနံစိမ်းဈေးတစ်စည်ကို ကန်ဒေါ်လာ ၇၄ အောက် လျော့ကျလာခြင်းနဲ့အတူ စားအုန်းဆီကြမ်း ကြိုပွိုင့်ဈေး ကျဆင်းလာတာရယ်၊ ကမ္ဘာ့ ဟင်းသီးဟင်းရွက်ဆီ ရောင်းချမှုအလံျှပယ်ရှိတာရယ်နဲ့ ဈေးနှုန်းထပ်ကျမယ့် မျှော် မှန်းချက်တွေအရ ဝယ်လိုအားနည်းတာတွေကြောင့်ပဲ ဖြစ်ပါတယ်။    ဒါ့အပြင် တရုတ်နိုင်ငံရဲ့ အြွေကးဝယ်ယူမှုကို ထိန်းခုျပ်လိုက်ခြင်းကလည်း စားအုန်းဆီဝယ်လိုအားကို ကျဆင်းစေခဲ့ပါတယ်။ ချီကာ ကိုနဲ့ တရုတ် ဒါလီယမ် ကုန်စည်ဒိုင်မှာ ပဲပုပ်ဆီဈေးကျဆင်းခြင်းကလည်း အကြောင်းရင်းတစ်ရပ်ပဲဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၁ရက်နေ့မှ ၇ရက်နေ့အထိ ယခုတစ်ပတ်အတွင်း မလေးရှားမှာသတ်မှတ်ထားတဲ့ စားအုန်းဆီကြမ်း ပို့ကုန်ခွန်ဟာ တစ်တန်ကို ရင်းဂစ် ၄၉၈ ဒသမ ၂၁ (ကန်ဒေါ်လာ ၁၄၅) ဖြစ်တယ်လို့ သိရပါတယ်။                                                                                                        ယုဇန၊   Sources: econ.mpop