Main menu

Background

ကြိုးမဲ့ချိတ်ဆက်အသုံးပြုနိုင်မည့်လေဆာပရင်တာ

Fri, 03/05/2010 - 17:55 -- Anonymous (not verified)

     Brother အမှတ်တံဆိပ် HL-2170 လေဆာပရင်တာဟာ 14.5'' x  14.2'' x 6.7'' အရွယ်အစား ရှိပါတယ်။  အလေးချိန်က ၁၂ ဒသမ ၈ ပေါင်ရှိပါတယ်။ Electrophoto graphic နည်းပညာသုံး ပရင်တာကြောင့် အဖြူ၊ အမည်း တစ်မိုျးပဲ ပရင့်လုပ်ပေးနိုင်ပါတယ်။ ြိကိုးမဲ့ ချိတ်ဆက်အသုံးပြုနိုင်တာကတော့ ဒီပရင်တာရဲ့ ထူးခြားမှုတစ်ခုပါပဲ။ Wireless LAN Ethernet ဒါမှမဟုတ် USB 2.0 တို့မှဖြစ်စေ ချိတ်ဆက်အသုံးပြုုနိုင်ပါတယ်။ တစ်မိနစ်ကို  A4  စာရွက် ၂၂ မျက်နှာ ထုတ်ပေးနိုင်ပါတယ်။ Resoluation က HQ(2400 x 600)dpi ရှိပါတယ်။ စက်ဖွင့်ပြီး ၁ဝ စက္ကန့်အကြာမှာ ပရင့်ထုတ်ပေးနိုင်ပြီး စာရွက် ၂၅ဝဆံ့တဲ့ print tray ပါလို့ စာရွက် အများအပြား ပရင့်ထုတ်ဖို့ အဆင်ပြေပါတယ်။ အဆိုပါ လေဆာပရင်တာတစ်လုံးကို ကျပ် နှစ်သိန်းခုနစ်သောင်း ဝန်းကျင်ဈေးနဲ့ ALLIANCE STARS ကုမ္ပဏီမှာ ဝယ်လို့ရနိုင်ပါတယ်။