Main menu

Background

ခဲဈေးနှုန်းများ မြင့်လာသောကြောင့်ပြည်တွင်း ဘက်ထရီဈေးနှုန်းများပါ ပြောင်းလဲလာ

Mon, 03/01/2010 - 09:26 -- Anonymous (not verified)

  ဘက်ထရီဈေးကွက် အတွင်းတွင်လည်း ခဲဈေးနှုန်းများ မြင့်တက်လာမှုကြောင့် ဘက်ထရီဈေးနှုန်းများ ၂၀ရာခိုင်နှုန်းခန့် မြင့်တက် လာကြောင်း ဘက်ထရီရောင်းဝယ်သူ တစ်ဦးက ပြောကြားသည်။   “ အခု ခဲဈေးက တစ်အားမြင့်တက်လာတော့ ဘက်ထရီ ဈေးနှုန်းတွေလည်း မြင့်တက်လာတယ်။ ခဲဈေးကလည်း တစ်တန်ကို အရင် က အမေရိကန်ဒေါ်လာ ၁၈၀၀ ကနေ ၂၅၀၀ အထိ မြင့်တက်သွားတယ်။ ဒီလိုမြင့်တက်လာတဲ့အတွက် ပြည်တွင်း ဘက်ထရီဈေးကပါ ၂၀ရာခိုင်နှုန်းအထိကို မြင့်တက်လာတယ်။ အခုဈေးကွက်အတွင်းမှာ ဈေးနှုန်းက လတ် တလော မြင့်တက်လာတဲ့အတွက် အရောင်း အဝယ်လည်း အေးသွားတယ်။ ဝယ်သူတွေကလည်း ဈေးကိုစောင့်ကြည့် နေကြတယ်။ ဆိုင်သမားတွေကလည်း အရင်ကလို အများ ကြီး မမှာတော့ဘူး။ လိုအပ်သလောက်ပဲမှာယူကြတယ်”ဟု ယင်းက ပြောကြားသည်။  အခုဈေးကွက်အတွင်းရှိ ဘက်ရီဈေးနှုန်းများမှာ ယခင်က 40zlဘက်ထရီ တစ်အိုးလျှင် ၃၁၀၀၀ ကျပ်ရှိရာမှယခု  တစ်အိုးလျှင် ၃၈၀၀၀ ကျပ်အထိ မြင့်တက်လာပြီး ရှေ့ဆက်ဘက်ထရီဈေးနှုန်းများ တက်လာနိုင်သောကြောင့် ဘက်ထရီသမားအများစုမှာ ဈေး ကွက် စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။  မင်းသန့်