Main menu

Background

ခဲသတ္တုု ဈေးမြင့်

Wed, 02/10/2010 - 09:55 -- Anonymous (not verified)

    ယခုအခါတွင် နိုင်ငံတကာဈေးကွက်၌ ခဲသတ္တုဈေးများမြင့် တက်လာမှုကြောင့်   ပြည်တွင်း လုပ်ငန်းသုံး ဘက်ထရီဈေးနှုန်းများလည်း မြင့်တက်လာဖွယ်ရှိကြောင်း ဘက်ထရီရောင်း ဝယ်သူ တစ်ဦးက ပြောကြားပါသည်။     ''အခုဆို ခဲဈေးက တော်တော်လေး မြင့်တက်လာတယ်။ ရက် ၄ဝ အတွင်းကို  ခဲဈေးက  အမေရိကန် ဒေါ်လာ ၈ဝဝ လောက် ပိုဈေးတက်လာတယ်။ နိုင်ငံတကာဈေးကွက်မှာက ဘက်ထရီဈေးကို ခဲဈေးနဲ့တိုင်းကြတယ်၊ ခဲဈေးတက်ရင် ဘက်ထရီဈေးတက်တယ်။  ခဲဈေးကျ ရင်  ဘက်ထရီဈေးကျတယ်။ အခုခဲဈေးတွေက ထိုးတက်လာတော့ ဘက်ထရီဈေးလည်း တက် မယ်လို့ ဘက်ထရီရောင်းဝယ်သူတွေက ခန့်မှန်းထားတယ်။ အခု ဘက်ထရီအလုံးရေ များများ မှာလို့ ဈေးလျော့ခိုင်းရင်တောင် တစ်ခါတည်း မလျော့ပေးရဲဘူး။ ဈေးကတက်ဖို့ ရှိနေတော့ တင် သွင်းတဲ့နေရာကဈေးကို မေးပြီးတော့မှ လျှော့ပေးရဲတော့တယ်။    ဒါတောင် အများကြီးမလျှော့ ပေးရဲဘူး။ ဘက်ထရီ ဈေးနှုန်းက ၅ဝ zl နဲ့ တိုင်းတာတာမျိုးရှိသလို  ဖွဲ့စည်းတည်ဆောက်ပုံ (Specification) နဲ့ သိုလှောင်ထားတဲ့ သက်တမ်း (stock age) နဲ့လည်း သက်ဆိုင်တယ်'ဟု      ၎င်းက ပြောသည်။    အဆိုပါ ခဲဈေးနှုန်းများမှာ ယခင်က ခဲတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၈ဝဝ သာရှိရာမှ ယခုအခါတွင် ခဲတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၂၆၅ဝအထိ မြင့်တက်လာသောကြောင့် ဘက်ထရီဈေးနှုန်းများ  တက်လာဖွယ်ရှိသည်ဟု ပြည်ပမှ ခဲကုန်ကြမ်းတင်သွင်းပြီး ပြည်တွင်း ဘက်ထရီရောင်းချသူများမှ သုံးသပ်လျက်ရှိနေသည်။ မင်းသန့်