Main menu

Background

ချင်း

Wed, 02/24/2010 - 05:56 -- Anonymous (not verified)

စစ်တွေနယ်စပ်က ဘင်္ဂလားဒေ့ရှ်ကိုပို့    ယခုတစ်ပတ်အတွင်း   စစ်တွေ နယ်စပ် ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ချင်း ၁၀ တန်၊ တန်ဖိုးအားဖြင့် ကန် ဒေါ်လာ ၄၂၀၀၀ ဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ချင်းတစ်တန်လျှင် မိမိဘက်ပေါက်ဈေး ၂၄၉၆၉၆ ကျပ်ရှိပြီး၊ တစ်ဘက်နိုင်ငံဈေး တာကာ ၂၄၀၄၀(ကန်ဒေါ်လာ ၄၂၀)ဖြင့် ယခင် အပတ်  ဈေးနှုန်းအတိုင်း  အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ ယခင်အပတ်က ချင်း ၁၅တန်တင်ပို့ နိုင်ခဲ့လို့ ယခုအပတ် မှာ ၅တန်လျော့နည်းခဲ့ပါတယ်။ ရန်ကုန်ဈေးကွက် ချင်းအရောင်းအဝယ် ပုံမှန်သာ    ရန်ကုန် သီရိမင်္ဂလာဈေးကွက်ကို ဒီတစ်ပတ်အတွင်း ရှမ်းပြည်နယ်က ချင်း ပိဿာချိန် ၃၀ ပါ အိတ် ၅၀၀ နဲ့ ၈၀၀ အကြားရှိလို့  ယခင်တစ်ပတ်ကထက် နည်းနည်းတိုးလာပါတယ်။   လက်ရှိ ပေါက်ဈေးကချင်းအရည်အသွေးပေါ်လိုက်ပြီး တစ်ပိဿာ ၄၀၀ကျပ်- ၁၂၀၀ ကျပ်အတွင်းရှိပြီး၊ ပြည်တွင်းမှာ အများ ဆုံးသုံးတဲ့ ချင်းအစကတော့ ၉၀၀ ကျပ် ရှိလို့ ယခင်တစ်ပတ်ပေါက်ဈေး ၉၅၀ ကျပ် ထက်  အနည်းငယ်  လျော့လာပါ တယ်။ အရောင်းအဝယ်ကတော့ ပုံမှန်သာရှိတယ်လို့ ဆိုပါတယ်။အောင်ပန်းချင်းက အထွက်ပိုသလို ဈေးပိုရ     ချင်းကို ပြည်ပတင်ပို့ရာမှာ ချင်း ခြောက်အနေနဲ့ အများဆုံး တင်ပို့လေ့ရှိပြီး၊ ယခုနောက်ပိုင်း ချင်းတက်အစို အနေနဲ့လည်း တရုတ်သို့တင်ပို့မှုရှိတာ ကို တွေ့ရပါတယ်။ ချင်းတက်ပေါ်စက မန္တလေးဈေးကွက်မှာ တစ်ပိဿာကို ပွဲရုံဈေး အောင်ပန်းချင်းအစိုက ၄၅၀ ကျပ်၊ ၄၀၀ ကျပ်၊ မေမြို့ချင်းက ၃၅၀ ကျပ်၊ ၃၀၀ကျပ် ဈေးရှိခဲ့ပါတယ်။ အခု နောက်ပိုင်း ပြည်ပဝယ်လိုအား ကောင်း လာချိန်မှာတော့  အောင်ပန်းချင်းက ၆၀၀ ကျပ်၊ ၇၀၀ ကျပ်၊ မေမြို့ချင်းက ၄၀၀ကျပ်၊ ၅၀၀ကျပ်ထိ ဈေးပိုလာတာ ကို တွေ့ရပါတယ်။ အခုနှစ် ချင်းအထွက်နှုန်းအနေနဲ့ အောင်ပန်းချင်းမှာ ယခင်နှစ်ကထက် ပိုလာပေမယ့် မေမြို့ချင်းမှာ ယခင်နှစ် ကလောက်မထွက်ဘူးလို့ သိရပါတယ်။ ပြည်ပတင်ပို့သူတွေအနေနဲ့ အောင်ပန်းချင်းကို အောင်ပန်းကနေ တိုက်ရိုက်ဝယ်ယူလေ့ရှိပြီး၊ မန္တလေးဈေးကွက် အနေနဲ့ ကတော့ လက်လီရောင်းချသူ များကသာ အဝယ်ရှိပါတယ်။ အခုရက် ပိုင်း မန္တလေးဈေးကွက်သို့ အောင်ပန်းချင်းမှာ  တစ်ရက်ခြား၊  နှစ် ရက်ခြား ပိဿာချိန် ၄၀၀၀-၅၀၀၀ ဝန်းကျင်၊ မေမြို့ချင်း ကုန်ချိန်ပိဿာ ၁၀၀၀-၂၀၀၀ ဝန်းကျင်နဲ့ အဝင်ပုံမှန်ရှိကာ ဈေးကွက်တွင်  အရောင်းအဝယ်မှာ လည်း ပုံမှန်ရှိကြောင်း သိရပါတယ်။                                                                                                                                မင်းလွင်