Main menu

Background

ချင်းခြောက်သာမက ချင်းစိုပါတရုတ်ကိုပို့

Sat, 03/06/2010 - 05:49 -- Anonymous (not verified)

    ဖေဖော်ဝါရီလဆန်းလောက်ကစပြီး ဈေးမြင့်လာတဲ့ချင်းဟာ အခုချိန်ထိ တက်ဈေးနဲ့ ငြိမ်နေတာကို တွေ့ရပါတယ်။ အခုနှစ် ချင်းကို ပြည်ပတင်ပို့ရာမှာ ချင်းခြောက်အနေနဲ့သာမကဘဲ ချင်းတက်အစို အတိုင်းပါ တရုတ်ကိုတင်ပို့တာကို တွေ့ရပါတယ်။ ချင်းအသစ်ပေါ်စက အောင်ပန်းချင်း တစ်ပိဿာကို ပွဲရုံဈေး ၄၅ဝ ကျပ်၊ ၄ဝဝ ကျပ်၊ မေမြို့ ချင်းက ၃၅ဝ ကျပ်၊ ၃ဝဝ ကျပ်လောက်သာ ရှိခဲ့ရာက ဖေဖော်ဝါရီလဆန်းကစပြီး အောင်ပန်းချင်းက တစ်ပိဿာကို ၆ဝဝ ကျပ်၊ ၇ဝဝ ကျပ်၊ မေမြို့ချင်းက ၄ဝဝ ကျပ်၊ ၅ဝဝ ကျပ်လောက်ထိ ဈေးပိုလာပါတယ်။ ယခုရက်ပိုင်း မန္တလေးဈေးကွက်သို့ ချင်းဝင် ရောက်မှုမှာ အောင်ပန်းချင်းက တစ်ရက်ကို ကုန်ချိန်ပိဿာ ၂ဝဝဝ ကနေ ၃ဝဝဝ အထိ မေမြို့ချင်းကလည်း ပိဿာ ၅ဝဝ ဝန်းကျင် လောက်နဲ့ အဝင်ပုံမှန်ရှိနေတယ်လို့ စားဖိုဆောင် သီးနံှပွဲရုံများမှ သိရ ပါတယ်။                       သင်းသင်းမြတ်