Main menu

Background

ချစ်မှချစ်အကြီးကြီးချစ်ဇာတ်ကား မကြာခင်ပြသမယ်

Thu, 04/01/2010 - 03:11 -- Anonymous (not verified)

   ချစ်မှချစ်အကြီးကြီးချစ် ဇာတ်ကားကို ထိပ်တန်းဗီဒီယိုထုတ်လုပ် ရေး ကနေ မကြာခင်မှာ တစ်ပြည်လုံးကို ပြသတော့မှာဖြစ်ပါတယ်။   BE ဘွဲ့ရ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူ ကောင်းကင်သစ်ရဲ့ ဖခင် ဦးကံရကပေးစားတဲ့ မိန်းမက ဦးကံရရဲ့ ငယ်ချစ် မေစန္နာ ရဲ့သမီး မြမြင့်မိုရ်၊ မိခင် ဖြစ်သူ ဒေါ်စန္ဒီပေးစားချင်တဲ့ သူမရဲ့ငယ်ချစ်  ဒေါက်တာ ကျော်ရဲရဲ့သမီး မြင့်အေး အေးမြင့် ချစ်သူ ဆုံးသွားလို့ စိတ်ပြေလက်ပျောက်ရန် ကုန်ကို သင်တန်း တက်ဖို့ လာတဲ့ လှယဉ်ကျေးနဲ့ ရန်ကုန်အလာ အဝေးပြေးကားပေါ်မှာဆုံဆည်းခဲ့တဲ့ ကောင်းကင်သစ်။   သူမတို့သုံးယောက်လုံးဟာ ရန်ကုန်မှာတစ်ဆောင်တည်းနေသူဖြစ် ပြီး လှယဉ်ကျေးဆီလာလည်တိုင်း မိဘသဘောတူသူတွေက အပြိုင်အဆိုင် ဧည့်ခံကြပုံ တွေကို ဟာသနှော ရိုက်ကူးထားပါတယ်။ သူ့လူမှ သူ့လူပေးစားချင်တဲ့ မိဘနှစ်ဦး၊ ကိုယ်ချစ်ရတဲ့သူ ကောင်းကင်သစ် ဘယ်သူရမလဲ၊ ဘာတွေဆက် ဖြစ်မလဲဆိုတာ ပရိသတ် ကြီးက ငွေရောင်ပိတ်ကား ပေါ်မှာ ဆက်လက်ကြည့်ကြပေါ့။   ဒီဟာသ ကားလေးမှာ ကောင်းကင်သစ်အဖြစ် ပြေတီဦး၊ လှယဉ်ကျေးအဖြစ် အိန္ဒြာကျော်ဇင်၊ မြင့်အေးအေးမြင့်အဖြစ် ဝိုင်းစုခိုင်သိန်း၊ မြမြင့်မိုရ်အဖြစ် ချောရတနာ၊ ဦးကံရအဖြစ် ရဲအောင်၊ ဒေါ်စန္ဒီအဖြစ် မေသဉ္ဇာဦးတို့က သရုပ် ဆောင်ထားပါ တယ်။