Main menu

Background

ဂရိနှင့် ဒူဘိုင်းကြွေးမြီပြဿနာများကြောင့် အမေရိကန်ဒေါ်လာ တန်ဖိုးခိုင်မာလာ

Mon, 03/01/2010 - 07:26 -- Anonymous (not verified)

  ဂရိနဲ့ ဒူဘိုင်းတွင် ဖြစ်ပေါ်ခဲ့တဲ့ ကြွေးမြီပြဿနာများကြောင့်  ကမ္ဘာ့စီးပွားရေး ပြန်လည်အားကောင်းလာမှု တုံ့ဆိုင်းသွားလိမ့် မယ်ဆိုတဲ့ ခန့်မှန်းချက်က ပိုမိုခိုင်မာလာပြီး အမေရိကန်ဒေါ်လာတန်ဖိုး လေးရက်မြောက်အဖြစ် မြင့်မားလာခဲ့ပါတယ်။  ယူရိုငွေက အမေရိကန်ဒေါ်လာနဲ့ လဲလှယ်နှုန်းတွင် ၉လမြောက်အဖြစ် ဆက်လက် တန်ဖိုးကျ ဆင်းလာခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ဥရောပမှ ဘဏ္ဍာရေးဝန်ကြီးများတွေ့ဆုံပြီး ဂရိအတွက် ကယ်ဆယ်ရေးအစီအစဉ် အသေးစိတ်ကို ထုတ်ပြန်မှာ ဖြစ်ကြောင်း သိရပါတယ်။ ဂရိရဲ့ ကြွေးမြီအပေါ် စိုးရိမ်ပူပန်မှုက အမေရိကန်ဒေါ်လာ အားကောင်းစေတဲ့ အဓိကအချက်ဖြစ်ကြောင်း သိရပါတယ်။   ဒါ့အပြင် ဒူဘိုင်းကမ္ဘာကလည်း ဒေါ်လာ ၂၂ဘီလီယံတန်ဖိုးရှိ နောက်ထပ် ကြွေးမြီဈေးကွက်သစ်ကို တည်ဆောက်ပြီး ခုနစ် နှစ်အကြာတွင် တစ်ဒေါ်လာအပေါ် အမြတ် ၆ဝ ဆင့် ရရှိမယ်လို့ကမ်းလှမ်းထားပါတယ်။ ယခုလိုမသေချာတဲ့အခြေအနေကလည်း ဒေါ်လာတန်ဖိုးအားကောင်းစေတဲ့ အချက်ဖြစ်ကြောင်းသိရပါတယ်။ ဒါကြောင့် အမေရိကန် ဒေါ်လာက ယူရိုငွေနဲ့လဲလှယ်ရာတွင် တစ် ယူရိုကို ၁ဒသမ ၃၆၃၂ ဒေါ်လာမှ ၁ ဒသမ ၃၅၉၃ ဒေါ်လာအထိ ရောက်ရှိခဲ့ကြောင်း သိရပါတယ်။ ၂ဝဝ၉ မေလ ၁၉ ရက်မှစပြီး အမြင့်ဆုံးနှုန်းဖြစ်ကြောင်း သိရပါတယ်။  ှSource.bloomberg ပပ