Main menu

Background

ဂျင်နရယ်မော်တာက ကားတစ်သန်းကျော်ပြန်သိမ်း

Thu, 03/11/2010 - 03:30 -- Anonymous (not verified)

     ပါဝါစတီယာရင်ပြဿနာကြောင့် ယာဉ်တိုက်မှု ၁၄ ခု ဖြစ်ပွားသဖြင့် မြောက်အမေရိကရှိ ကား ၁ ဒသမ ၃ သန်းကို ဂျင်နရယ် မော်တာကုမ္ပဏီက ပြန်လည်သိမ်းယူခဲ့ပါတယ်။    ချွတ်ယွင်းမှုရှိတဲ့ မိုဒယ်များမှာ ချက်ပလက်ကိုဘော့၊ ပွန်တီယက်ဂျီဖိုက်၊ ပွန်တီယက်ပါစုနဲ့ ပွန်တီယက်ဖိုးတို့ ဖြစ်ပါတယ်။    ကားဖြစ်ရတဲ့ ချွတ်ယွင်းချက်မှာ အရှိန်နှေးနှေးနဲ့ မောင်းတဲ့အခါ စတီယာရင်ကို အားစိုက်ပြီး ထိန်းနေရပါတယ်။ ဒါပေမဲ့ ကားကို တော့ ဘေးအန္တရာယ်ကင်းအောင် ထိန်းနိုင်ပါတယ်။ ဒီလိုချွတ်ယွင်းမှု ဖြစ်ရတာဟာ တစ်စိတ်တစ်ပိုင်းဖြင့် တိုယိုတာက ပေးသွင်းတဲ့ ပစ္စည်းတွေကြောင့် ဖြစ်ရတာပါလို့ ဂျီအမ် ဒုတိယဥက္ကဌ ဘော့လုက ဂျနီဗာမော်တော်ကားပြပွဲမှာ ဘီဘီစီ သတင်းဌာနကို ပြောပါ တယ်။                                                                                                            Source:bbc.co.UK                                                                                                                            ဉာဏ်တင်