ထိုင်းနိုင်ငံအနေဖြင့် ပြည်ပဧည့်သည်များ အတွက် ဗီဇာသက်တမ်း ရက်တိုးမြှင့်သတ်မှတ်လိုက်ပြီး ယခု ၂၀၂၂ ခုနှစ်တွင် နိုင်ငံခြားသားခရီး သွားဦးရေ ၁၀ သန်းပြည့်မီရန်အတွက် မျှော်မှန်းထားကြောင်း သိရသည်။ထိုင်းနိုင်ငံတွင်ကိုဗစ် ရောဂါများ လျော့ကျခဲ့ပြီးနောက်တွင် ပြည်ပခရီးသွားများကို ပြန်လည်ဝင်ရောက်ပြုခဲ့ရာပြီးခဲ့သည့် ဇန်နဝါရီ ၁ ရက်မှ သြဂုတ် ၁၆ ရက်အတွင်းစာရင်းများအရ ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သည့် ခရီးသွားဦးရေ မှာ လေးသန်းကျော်အထိရှိလာခဲ့ပြီဖြစ်သည်။ထို့ကြောင့် ယခုနှစ်တွင်နိုင်ငံခြားသားခရီးသွားဝင်ရောက်မှုကို ၁၀ သန်းပြည့်မီရန်လျာထားကြောင်းထိုင်းခရီးသွားအာဏာပိုင်အဖွဲ့ကထုတ်ဖော်ပြောဆိုထားသည်။ယခုနှစ်တွင် ထိုင်းနိုင်ငံ၌နိုင်ငံခြားသားခရီးသွားဝင်ရောက်မှု ၁၀ သန်း ပြည့်မီနိုင်ရန်အတွက် ၂၀၂၂ခုနှစ် ဒုတိယနှစ်ဝက်တွင် ခရီးသွားမြှင့်တင်ရေး မူဝါဒတစ်ရပ်အနေဖြင့် ဗီဇာအမျိုးအစားနှစ်ခုကို နေထိုင်ခွင့်ကာလတိုးမြှင့်ပေးလိုက်ခြင်းဖြစ်သည် ။ထိုသို့ ဗီဇာသက်တမ်းတိုးမြှင့်ပေးမှုမှာ ၂၀၂၃ ခုနှစ် မတ် ၃၁ ရက်အထိအသက်ဝင်စေမည်ဟုသိရသည်။ဗီဇာကင်းလွတ်ခွင့် (Free Visa) ရရှိသူများကိုယခင်ကရက် ၃၀နေထိုင်ခွင့်ပြုခဲ့ရာမှ ၄၅ ရက်သို့တိုးမြှင့်ပေးလိုက်သည်။အဆိုပါဗီဇာကင်းလွတ်ခွင့်တွင် ထိုင်းနိုင်ငံဘက်ကသာဗီဇာကင်းလွတ်ခွင့်ပေးထားသည့်နိုင်ငံများ အပါအဝင်နှစ်နိုင်ငံအပြန်အလှန်ဗီဇာကင်းလွတ်ခွင့်ပေးထားသောနိုင်ငံများ အကျုံးဝင်သည်ဟုသတင်းများတွင် ဖော်ပြထားသညဆိုက်ရောက် ဗီဇာ (Visa on Arrival) ဖြင့် ဝင်ရောက်လာသူများကိုယခင်ကနေထိုင်ခွင့် ၁၅ ရက်သာပေးခဲ့ရာမှ ယခုတွင်ရက် ၃၀ တိုးမြှင့်သတ်မှတ်ပေးထားသည်။ဗီဇာကင်းလွတ်ခွင့်ရရှိထားသည့်နိုင်ငံသားများ
သည်ဗီဇာပြုလုပ်ရန်မလိုဘဲထိုင်းနိုင်ငံသို့ ဝင်ရောက်နိုင်ပြီးယင်းမှာ စုစုပေါင်း ၅၆ နိုင်ငံအထိရှိသည်။ထိုင်းနိုင်ငံတွင်ပြီးခဲ့သည့် သြဂုတ်၁၆ ရက်အထိနိုင်ငံခြားသားခရီးသွားဧည့်သည်လေးသန်းကျော်ဝင်ရောက်ခဲ့သည်ဟုဆိုသည်။ယင်းတို့အနက်အများဆုံးငါးနိုင်ငံမှာ မလေးရှား၊အိန္ဒိယ၊လာအို၊စင်ကာပူနှင့်ဗြိတိန်တို့ဖြစ်ကြောင်း သိရသည်။ ထိုင်းခရီးသွားအာဏာပိုင်အဖွဲ့ကထုတ်ပြန်ထားသည့် ယင်းကိန်းဂဏန်းများသည် ထိုင်းအစိုးရ၏ကိုဗစ်(၁၉)စည်းကမ်းချက်များကို ပြန်လည်ဖြေလျှော့ပေးလိုက်ပြီးနောက်တွင် ခရီးသွားလုပ်ငန်းမှာသိသိသာသာပြန်လည်နာလန်ထူ
လာခြင်းလည်းဖြစ်သည်။
Source; Xinhua
Background