Main menu

Background

ဗြိတိန်ပေါင်၃၇နှစ်အတွင်း အဆိုးရွားဆုံးထိုးကျ

Thu, 09/22/2022 - 16:26 -- journal_editor

ဗြိတိန်ငွေကြေးပေါင်သည် နှစ်ပေါင်း ၃၇ နှစ်အတွင်း၌ အဆိုးရွားဆုံးအနေအထားသို့ ထိုးကျသွားကြောင်း အင်္ဂလန်မီဒီယာများ၏ ဖော်ပြချက်များအရ သိရသည်။ အမေရိကန်ဒေါ်လာအညွှန်းကိန်းသည် နှစ်ပေါင်း ၂၀ အတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့ရာ စက်တင်ဘာ ၉ ရက်တွင် Level ၁၁၀ ဒသမ ၇၈ အထိအမြင့်ဆုံးစံချိန်သစ်မြင့်တက်ခဲ့ခြင်းဖြစ်သည်။အမေရိကန် Fed  ဗဟိုဘဏ်၏ စက်တင်ဘာလကုန်တွင်ပြုလုပ်မည့် အစည်းအဝေး၌ အတိုးနှုန်း 75 basis points (ဝ.၇၅%) တိုးနိုင်ခြေရှိနေခြင်းကြောင့်ဈေးကွက်ခန့်မှန်းနှုန်းမှာ ၇၂ ရာခိုင်နှုန်းအထိမြင့်တက်လာပြီးအမေရိကန်ဒေါ်လာအတက်ကြမ်းနေခြင်းလည်းဖြစ်သည်။အလားတူ ဂျပန်သုံးယန်းငွေတန်ဖိုးသည်လည်း လတ်တလောကာလတွင် တန်ဖိုးကျဆင်းမှုများစွာဖြင့်ကြုံတွေနေရသည်။ ဗြိတိန်ပေါင်နည်းတူဂျပန်သုံးယန်းငွေတန်ဖိုးသည်လည်း အမေရိကန်ဒေါ်လာနှင့်လဲလှယ်နှုန်းမှာ ၂၄နှစ်အတွင်းစံချိန်တင်ကျဆင်းလာခဲ့ကြောင်း သိရသည်။  ၂၀၂၂ ခုနှစ်အတွင်းတွင်  နိုင်ငံ၁၀နိုင်ငံ၏ ငွေကြေးတန်ဖိုးမှာ အတက်အကျများနေပြီးအမေရိကန်ဒေါ်လာတစ်မျိုးတည်းသာ အတက်ချည်းသာ ဖြစ်နေခဲ့သည်။၂၀၂၂ ခုနှစ်၏  နှစ်စပိုင်းမှစတင်ပြီး  အမေရိကန်ဒေါ်လာအညွှန်းကိန်းအတက်သည် အပေါင်း ၁၉ ရာခိုင်နှုန်း ရှိနေချိန်တွင်ကနေဒီးယန်းဒေါ်လာမှာအကျနှုန်းအနုတ် ၄ ရာခိုင်နှုန်း၊ဆွစ်ဖရန့်မှာအကျနှုန်းအနုတ် ၇ ရာခိုင်နှုန်း၊သြစတြေးလျဒေါ်လာမှာအကျနှုန်းအနုတ် ၉ ရာခိုင်နှုန်း၊ နော်ဝေးခရုန်းငွေကြေးမှာအကျနှုန်းအနုတ် ၁၃ ရာခိုင်နှုန်း၊နယူးဇီလန်ဒေါ်လာမှာအကျနှုန်း အနုတ် ၁၅ ရာခိုင်နှုန်း၊ယူရိုငွေမှာ အကျနှုန်း အနုတ် ၁၆ ရာခိုင်နှုန်း၊ဗြိတိန်ပေါင်မှာအကျနှုန်းအနုတ် ၁၆ ရာခိုင်နှုန်း၊ဆွီဒင်ခရိုနာမှာအကျနှုန်းအနုတ် ၂၁ ရာခိုင်နှုန်းနှင့်ဂျပန်ယန်းငွေမှာအကျနှုန်းအနုတ် ၂၃ ရာခိုင်နှုန်း စသည်ဖြင့်ငွေကြေးတန်ဖိုးအသီးသီးကျဆင်းနေသည်။
Source; BBC