Main menu

Background

တရုတ်နိုင်ငံသည် ဥရောပ စီးပွားရေးလုပ်ငန်းများအတွက် အရေးပါနေဆဲဖြစ်

Wed, 10/12/2022 - 15:31 -- journal_editor

အာရှတိုက်တွင် တရုတ်နိုင်ငံသည် ဥရောပ စီးပွားရေးလုပ်ငန်းရှင်များအတွက် ရင်းနှီး မြှုပ်နှံမှုပြုလုပ်ရန် အရေးပါနေဆဲဖြစ်ကြောင်း သိရသည်။ ကိုဗစ်(၁၉)ရောဂါ စတင်ဖြစ်ပွားနေ ချိန်တွင် ဥရောပမှကုမ္ပဏီအများစုသည် တရုတ်နိုင်ငံ၌ အခြေချ ရင်းနှီးမြှုပ်နှံနေမှုကို ရပ်တန့်ပြီး ထွက်ခွာရန် ပြင်ဆင်ခဲ့ကြရာ တချို့ကုမ္ပဏီများသည် ယာယီရပ်နားမှုများကို ပြုလုပ်ခဲ့ကြသည်။ သို့သော် လက်ရှိအချိန်တွင် ဥရောပစီးပွားရေးလုပ်ငန်းအများစုသည် တရုတ်နိုင်ငံသည် ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်ရန်အတွက် ဦးစားပေးဈေးကွက် ဖြစ်နေဆဲဖြစ်ကြောင်း အလေးထား ပြောဆို နေကြသည်။ပြည်ပ စီးပွားရေးလုပ်ငန်းများစု တစ်နည်းအားဖြင့် ဥရောပစီးပွားရေး လုပ်ငန်းရှင်များသည်  တရုတ်နိုင်ငံ၏ တံခါးဖွင့် စီးပွား ရေးမူဝါဒ(Open Economics))နှင့် ထင်ရှားသည့် စီးပွားရေးနယ် ပယ် ပတ်ဝန်းကျင်များမှ အကျိုးအမြတ်များစွာ ရရှိခဲ့သည်။  အဆိုပါ အကျိုးအမြတ်ရရှိခဲ့သည့် ကုမ္ပဏီများထဲတွင် နယ်သာလန်နိုင်ငံအခြေစိုက်   Louis Dreyfus ကုမ္ပဏီ သည်လည်း အဆိုပါ စီးပွားရေးလုပ်ငန်းများတွင် တစ်ခုအပါအဝင်ဖြစ်ကြောင်း သိရသည်။Louis Dreyfus  ကုမ္ပဏီ၏ မြောက်အာရှအကြီးအကဲတစ်ဦးဖြစ်သူ ဂျာရီတီရှန်းက လွန်ခဲ့ သည့် ရာစုနှစ်ဝက်ခန့်က မိမိတို့ကုမ္ပဏီအနေဖြင့်တရုတ် နိုင်ငံတွင်အောင်မြင်ခဲ့ခြင်းကြောင့်ယုံယုံကြည်ကြည်ဖြင့် လက်ရှိအချိန်ထိ ဆက်လက်ရင်းနှီးမြှုပ်နှံနေကြောင်း၊ မိမိတို့အနေဖြင့် တရုတ်နိုင်ငံတွင် အစေ့အဆန်ကုန်ကြမ်း၊ ကော်ဖီ၊ သကြား၊ ချည်ထည်၊ ဖျော်ရည်များ အဓိကတင်ပို့ခဲ့ ကြောင်း ၊ လက်ရှိအချိန်တွင် တရုတ်နိုင်ငံသည်လူ့စွမ်းအားအရင်းအမြစ်များ ပြည့်ဝမှု၊ ယုံကြည်မှု၊ ဆန်းသစ်တီထွင်မှု၊စွန့်ဦးတီထွင်မှုများဖြင့် ပြည့်လျှံနေကြောင်း၊ ယင်း လူ့စွမ်းအား အရင်းအမြစ်များနှင့်ဆန်းသစ်တီထွင်မှုများကို အခြေခံ ပြီး အဆင့် မြင့် သိပ္ပံနည်းပညာလုပ်ငန်း များကို  ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားသွားလိုကြောင်း၊ တရုတ်နိုင်ငံ စီးပွားရေး၏ ရှုထောင့်များ ကို ယုံကြည်နေသေးကြောင်း၊ တရုတ်နိုင်ငံသည် မိမိတို့အတွက် လက်ရှိအချိန်ထိ ဦးစားပေးဈေး ကွက်အဖြစ် ရှိနေဆဲဖြစ်ကြောင်း၊ မည်သည့်အကြောင်းပြချက်နှင့်မျှ  တရုတ်နိုင်ငံမှ ထွက်ခွာသွား ရန် အကြောင်းမရှိကြောင်း ပြောဆိုခဲ့သည်။                                                     

    Source; Xinhua