Main menu

Background

ဒေါ်လာ ဘီလီယံ ၁၂၀ဝ သုံးစွဲပြီး တရုတ်စက်ရုံများကို ဆွဲဆောင်ရန် အိန္ဒိယ ပြင်ဆင်

Wed, 10/12/2022 - 15:32 -- journal_editor

ကိုဗစ်အလွန်ကာလတွင် စီးပွားရေး သိသိ သာသာ ဖွံ့ဖြိုးတိုးတက်လာသည့် အိန္ဒိယနိုင်ငံ သည်  အမေရိကန်ဒေါ်လာ ဘီလီယံ ၁၂၀ဝ အထိ သုံးစွဲပြီး တရုတ်စက်ရုံများကို ဆွဲဆောင်ရန် ပြင်ဆင်နေကြောင်း Indiatimes  တွင် အောက်တို ဘာ ၇ ရက်က ရေးသားဖော်ပြထားသည်။အိန္ဒိယနိုင်ငံသည် ဒစ်ဂျစ်တယ်နည်းပညာ နှင့် အမြန်ထုတ်လုပ်နိုင်ရေးဆိုသည့် အင်အားနှစ် ခုကိုတည်ဆောက်ကာ ပြည်ပမှ လာရောက်ရင်းနှီး မြှုပ်နှံမည့်စက်ရုံများကို  ဆွဲဆောင်သွားမည်ဖြစ်
ကြောင်း သိရသည်။  လက်ရှိအချိန်တွင် အိန္ဒိယ နိုင်ငံသည် မိမိနိုင်ငံသို့ ဝင်ရောက်လာမည့် စက်ရုံ များ အဆင်ပြေ ချောမွေ့စေရေးအတွက် ဝန်ကြီး ဌာန ၁၆ ခုပေါင်း ကာ အွန်လိုင်းပလက်ဖောင်းတစ်ခု ကို စတင်လိုက်ပြီဖြစ်ကြောင်း   Indiatimes  က ဆက်လက်ဖော်ပြထားသည်။အိန္ဒိယနိုင်ငံသည် ၂၀၂၁ ခုနှစ် နောက်ပိုင်း တွင် ကိုဗစ်(၁၉) အကျပ်အတည်းများကိုလည်း ကျော်ဖြတ်နိုင်ခဲ့ကာ နိုင်ငံ၏ စီးပွားရေးသည်လည်း တစ်ဟုန်ထိုး တိုးတက်လာခဲ့သည်။ အိန္ဒိယနိုင်ငံ တွင် ပြည်တွင်းထုတ်ကုန်များ မြင့်တက်လာသလို ပြည်ပကုန်သွယ်မှုများကလည်း   သိသိသာသာ တိုးတက်လာခဲ့ခြင်းဖြစ်သည်။ထို့ကြောင့် အိန္ဒိယနိုင်ငံသည် ၂၀၂၂ ခုနှစ် ထဲသို့ ရောက်ရှိလာချိန်တွင် ကမ္ဘာ့စီးပွားရေးအင် အားကြီးနိုင်ငံများ ထဲ၌  ဗြိတိန်ကို ကျော်လွန်ပြီး ကမ္ဘာ့ပဉ္စမမြောက် စီးပွားရေးအင်အားကြီးနိုင်ငံ ဖြစ်လာခဲ့ကြောင်း သိရသည်။အိန္ဒိယနိုင်ငံသည်    အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏   ၂၀၂၁ ခုနှစ် နှောင်းပိုင်းတွက်ချက်မှု  ကိန်းဂဏန်းများ အရ ဗြိတိန်ကို ကျော်တက်ခဲ့ခြင်းဖြစ်ကာ လက်ရှိအချိန် တွင်လည်း  အိန္ဒိယနိုင်ငံ၏ စီးပွားရေး အင်အား ကောင်းမှုသည် ဗြိတိန်ကို ကျော်လွန်နေဆဲဖြစ် သည်။ အိန္ဒိယနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက် မှုမှာ     ၂၀၂၂ ခုနှစ်တွင် ခုနစ် ရာခိုင်နှုန်း ထပ်မံမြင့် တက်လာမည်ဟု ခန့်မှန်းထားကြသည်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အားကောင်းလာသည့် အိန္ဒိယ နိုင်ငံသည်  ကမ္ဘာ့စီးပွားရေးကို ဦးဆောင်နေသည့် အမေရိကန်ပြည်ထောင်စု၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ဂျာမနီတို့ကို စိန်ခေါ်နိုင်စွမ်း ရှိလာရေးအတွက်  ပြည်ပမှ  ရင်းနှီးမြှုပ်နှံမည့် စက်ရုံများကို မက်လုံးပေး ဖိတ်ခေါ်လာခဲ့ခြင်း ဖြစ်သည်။    

  Source; indiatimes