Main menu

Background

သုခဘုံငှက်ဥယျာဉ်ဖြင့် ပြည်ပခရီးသွားများကို စင်ကာပူ ဆွဲဆောင်မည်

Wed, 10/12/2022 - 15:34 -- journal_editor

အရှေ့တောင်အာရှနိုင်ငံများထဲတွင် ဖွံ့ဖြိုး တိုးတက်မှု အားကောင်းသည့် စင်ကာပူနိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် သုခဘုံငှက်ဥယျာဉ်အသစ်တစ်ခု ဖွင့်လှစ်သွားရန်   အဆင်သင့်ရှိနေပြီဖြစ်ကြောင်း သိရသည်။အဆိုပါ  အသစ်ဖွင့်လှစ်မည့် သုခဘုံငှက် ဥယျာဉ်ကို စင်ကာပူနိုင်ငံ မန်ဒိုင်း၌ ဖွင့်လှစ်သွား မည်ဟု သိရသည်။ အာရှတိုက်တွင် အကြီးဆုံးဖြစ် သည့် စင်ကာပူနိုင်ငံ၏  လူသိများ ထင်ရှားသော ငှက်ဥယျာဉ်တစ်ခုဖြစ်သည့် ဂျူရွန်ငှက်ဥယျာဉ်ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်းတွင် ပိတ်သိမ်းခဲ့ ပြီးနောက် မန်ဒိုင်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့တော ရှိ သုခဘုံဟု နာမည်ပေးထားသည့် ငှက်ဥယျာဉ် အသစ်တစ်ခုကို ၂၀၂၃ ခုနှစ်တွင်  ဖွင့်လှစ်ရန် စီစဉ်ထားပြီဖြစ်ကြောင်း သိရသည်။  စင်ကာပူနိုင်ငံသည်  အရှေ့တောင်အာရှ တွင် ထိုင်းနှင့် အင်ဒိုနီးရှားနိုင်ငံများကဲ့သို့ ခရီး သွားကဏ္ဍ   ဖွံ့ဖြိုးသည့်နိုင်ငံ  တစ်နိုင်ငံဖြစ်သည်။ ထို့ကြောင့် စင်ကာပူနိုင်ငံသည် အသစ်ဖွင့်လှစ်မည့် သုခဘုံငှက်ဥယျာဉ်သစ်ဖြင့် ပြည်ပခရီးသွားများကို ပိုမိုဆွဲဆော င်နိုင်ရန် မျှော်လင့်ထားသည်။
အဆိုပါ    သုခဘုံငှက်ဥယျာဉ်အသစ်တွင် အတွင်းသို့ ဝင်ရောက်လည်ပတ်ကာ ငှက်များကို အနီးကပ်ကြည့်ရှုနိုင်မည့် ငှက်ရုံရှစ်ရုံ ပါရှိမည်ဟု မန်ဒိုင်းတောရိုင်းတိရစ္ဆာန်   ဘေးမဲ့တောအဖွဲ့က ထုတ်ပြန် ပြောဆိုထားသည်။မန်ဒိုင်းတောရိုင်း တိရစ္ဆာန်  ဘေးမဲ့တော အဖွဲ့၏  ထုတ်ပြန်ချက်အရ သုခဘုံငှက်ဥယျာဉ် အသစ်တွင်  ကမ္ဘာတစ်ဝန်းမှ မတူညီသော သက်ရှိ သတ္တဝါများ၏ ဆက်စပ်နေမှုများကို ထင်ဟပ်စေ မည့် ငှက်မျိုးစိတ်များ၏  နေထိုင်ရာပုံစံမျိုးစုံကို သဘာ ဝဆန် ဆန် ပြုလုပ်ထားကာ ပြသသွားမည် ဟု သိရသည်။ ယင်းအပြင် အဆိုပါ သုခဘုံငှက် ဥယျာဉ်အသစ်တွင် ငှက်များ၏ သဘာဝအပြုအမူ ကိုပြသရန်  ဒီဇိုင်းပုံထုတ် ရေးဆွဲထားကြောင်း လည်း မန်ဒိုင်းတောရိုင်းတိရစ္ဆာန်  ဘေးမဲ့တော အဖွဲ့ က ဆက်လက်ပြောဆိုခဲ့သည်။  
ယခုဖွင့်လှစ်မည့် သုခဘုံငှက်ဥယျာဉ်သည်  ၄၂ ဧကခန့်ရှိကြောင်း သိရသည်။ ယင်း အကျယ် အဝန်းပမာဏမှာ ယခင်ရှိခဲ့ဖူးသည့် ဂျူရွန်ငှက် ဥယျာဉ်ထက် သေးငယ်မည်ဖြစ်သည်။ ဂျူရွန်ငှက် ဥယျာဉ်သည်  ဧက ၅၀ ရှိကြောင်း  သိရသ ည်။ သို့သော် အဆိုပါသုခဘုံငှက်ဥယျာဉ်အသစ်တွင် ငှက်များနေထိုင်မည့်  အဆောက်အအုံများသည် ယခင် ဂျူရွန်ငှက်ဥယျာဉ်ထက် ပိုကြီးမည်ဟုဆို သည်။ အသစ်ဖွင့်လှစ်မည့်  သုခဘုံငှက်ဥယျာဉ် တွင် ငှက်မျိုးစိတ်ပေါင်း ၃၀ဝ၀ ကျော် ထည့်သွင်း ပြသထားမည်ဖြစ်ပြီး ရှားပါးအောက်ချင်းငှက် မျိုးစိတ် ၂၀ ကျော်ကိုလည်း ပြသသွားမည်ဖြစ် ကြောင်း သိရသည်။   

Source: getyourguide