နိုင်ဂျီးရီးယားနိုင်ငံ လာဂို့စ်မြို့ တွင် ပထမဦးဆုံးသော ပင်လယ်ရေနက်ဆိပ်ကမ်းတစ်ခုကို နိုဝင်ဘာ ၂ ရက်က ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံ ဆိပ်ကမ်းအင်ဂျင် နီယာလုပ်ငန်း China Harbor Engi- neering Company Ltd(CHEC) သည် နိုင်ဂျီးရီးယားနိုင်ငံ၏ စီးပွားရေးအချက်အချာကျသည့် လာဂို့စ်မြို့၌ ပင်လယ် ရေကြောင်းစီမံကိန်းကြီး ပြီးမြောက်ခဲ့ ပြီးနောက် နိုင်ဂျီးရီးယား၏ ပထမဆုံးသော အဆိုပါ ပင်လယ်ရေနက်ဆိပ်ကမ်းကို အစိုးရအဖွဲ့ထံသို့ နိုဝင်ဘာ ၁ ရက်တွင် လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်သည်။
နိုင်ဂျီးရီးယားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Cui Jianchun က တရုတ်နိုင်ငံ၊ ပြင်သစ်နိုင်ငံနှင့် နိုင်ဂျီးရီးယားနိုင်ငံတို့အကြား သုံးပွင့်ဆိုင်ပူး ပေါင်းဆောင်ရွက်မှု စီးပွားရေးစီမံကိန်း တစ်ခုဖြစ်ပြီး ယခုဖွင့်လှစ်လိုက်သည့် Lekki ဆိပ်ကမ်းသည် အာဖရိကရှိ ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင် ရွက်မှုကို မြှင့်တင်ရာတွင် အလွန်အရေး ပါကြောင်း ဖွင့်ပွဲအခမ်းအနား၌ ပြော ကြားခဲ့သည်။
တရုတ်နိုင်ငံဆိပ်ကမ်း အင်ဂျင်နီယာလုပ်ငန်း ကုမ္ပဏီလီမိတက်က တည်ဆောက်ခဲ့သည့် Lekki ပင်လယ် ရေနက်ဆိပ်ကမ်းသည် နိုင်ဂျီးရီးယားနိုင်ငံရှိ အကြီးဆုံးပင်လယ်ဆိပ်ကမ်း ဖြစ်သကဲ့သို့ အနောက်အာဖရိကတွင်လည်း အကြီးဆုံး ဆိပ်ကမ်းများအနက် တစ်ခုအပါအဝင်ဖြစ်သည်။
အဆိုပါဆိပ်ကမ်း တည်ဆောက်မှုကို ၂၀၂၀ ပြည့်နှစ် ဇွန်လတွင် စတင်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ပြီးစီးခဲ့ခြင်းဖြစ်သည်။ ယင်း Lekki ပင်လယ်ရေနက်ဆိပ်ကမ်းမှ နှစ်စဉ် ကုန်သေတ္တာ ၁ ဒသမ ၂ သန်း ကိုင်တွယ်ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရသည်။
ဆိပ်ကမ်းသစ်က လာဂို့စ်မြို့ကို ဗဟိုနှင့် အနောက်အာဖရိကဒေသ တစ်ခုလုံးအထိ ပင်လယ်ရေကြောင်း ထောက်ပံ့ပို့ဆောင်ရေး အချက်အချာနေရာအသစ် တစ်ခုအဖြစ် နေရာယူသွားမည်ဖြစ်ကြောင်း၊ နိုင်ဂျီးရီးယားနိုင်ငံကို အာဖရိကတိုက် လွတ်လပ်သည့် ကုန်သွယ်ရေး သဘောတူညီချက်အောက်တွင် စီးပွားရေးဦးဆောင်မှု အလားအလာ အပြည့်အဝရရှိရေးအတွက် နေရာယူသွားမည်လည်းဖြစ်ကြောင်း လာဂို့စ်ပြည်နယ် အုပ်ချုပ်ရေးမှူး Babajide Sanwo-Olu က ပြော သည်။
ယခု အသစ်ဖွင့်လှစ်လိုက်သည့် Lekki ပင်လယ်ရေနက်ဆိပ်ကမ်းမှ လာမည့်နှစ်များအတွင်း နိုင်ဂျီးရီးယားနိုင်ငံ၌ အလုပ်အကိုင်ပေါင်း နှစ်သိန်းနီးပါးကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ဖန်တီးပေး နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံ၏ စီးပွားရေးအလားအလာများအား ဖော်ထုတ်ပေးနိုင်မည်ဖြစ်ကာ နိုင်ငံ၏ အခွန်ဘဏ္ဍာအား မြှင့်တင်နိုင်မည်ဖြစ်ကြောင်း Babajide Sanwo-Olu က ထပ်မံပြောဆိုခဲ့သည်။
Source; scio.gov.cn
စိုင်းဗညား
Background