Main menu

Background

ဗြိတိန်တွင် အလုပ်လက်မဲ့ဦးရေ တိုးလာနိုင်

Tue, 11/22/2022 - 12:50 -- journal_editor

ဗြိတိန်တွင် လတ်တလောကာလ၌ တစ်ဦးချင်းဝင်ငွေ ကျဆင်းမှုများနှင့် ရင်ဆိုင်နေရပြီး လူနေမှုအဆင့်အတန်းများလည်း နိမ့်ကျမှုရှိလာနိုင်ကြောင်း ဘီဘီစီသတင်းတွင် ဖော်ပြထားသည်။
ဗြိတိန်တွင် ကုန်ဈေးနှုန်းများ စံချိန်တင်မြင့်တက်လာမှုနှင့်အတူ လူ တစ်ဦးချင်း၏ ဝင်ငွေမှာလည်း လာမည့်နှစ်အနည်းငယ်အတွင်း ၇ ရာခိုင်နှုန်း အထိ ကျဆင်းလာနိုင်ကြောင်း ဗြိတိန်အစိုးရ၏ ခန့်မှန်းချက်အရ သိရသည်။ ထို့ပြင် ဗြိတိန်တွင် အလုပ်လက်မဲ့ဦးရေသည်လည်း တိုးလာဖွယ်ရှိနေသည်ဟု ဆိုသည်။
Institute for Fiscal Studies Think Tank မှ ဒါရိုက်တာ Paul Johnson  က ကမ္ဘာ့လောင်စာဆီ ဈေးနှုန်းများ မြင့်တက်လာခြင်းက ဗြိတိန်ကို စီးပွားရေး ကျဆင်းစေခဲ့ကြောင်း၊ OBR (Office for Budget Responsibility)၏ ခန့်မှန်း ချက်အရ လာမည့်နှစ်နှစ်အတွင်း အကြီးမားဆုံး ကျဆင်းမှုကို ရင်ဆိုင်ရလိမ့် မည်ဖြစ်ကြောင်း သုံးသပ်ထားသည်။
ဗြိတိန်၏ ငွေကြေးဖောင်းပွမှုသည် ယခုနှစ်တွင် နှစ်ပေါင်း ၆၆ နှစ် အတွင်း အဆိုးရွားဆုံး ဖြစ်လာခဲ့ကြောင်း၊ လူတစ်ဦးချင်းဝင်ငွေသည် ၂၀၁၃ ခုနှစ်တွင် အမြင့်ဆုံး အနေအထားသို့ ပြန်လည်ရောက်ရှိရန် ရည်မှန်းထားခဲ့ သော်လည်း ယင်းရည်မှန်းချက်မှာ ကြာကြာမခံဘဲ  ကိုဗစ်ကပ်ရောဂါကြောင့် ကမ္ဘာ့နိုင်ငံများနည်းတူ  ဗြိတိန်သည်လည်း ကပ်ဘေးနှင့် ရင်ဆိုင်ခဲ့ရပြီး စီးပွားရေး ကျဆင်းမှုများရှိလာခဲ့ခြင်း ဖြစ်သည်။                       

  Source; BBC