ကမ္ဘာအနှံ့တွင် လျှပ်စစ်ကား (EV)များကို တွင်တွင်ကျယ်ကျယ် ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိနေသည့် Ford မော်တော်ကားကုမ္ပဏီမှ အမှုဆောင် အရာရှိက တောင်အာဖရိကတွင် များ မကြာမီကာလအတွင်း လျှပ်စစ်ကား (EV)များကို အများအပြား မြင်တွေ့ လာရတော့မည်ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်သည်။
တောင်အာဖရိကတွင် လျှပ်စစ် ကား(EV)များ ထုတ်လုပ်ခြင်းဖြင့် ပြည်တွင်းအသားတင် ထုတ်ကုန်၏ ၅ ရာခိုင်နှုန်းနှင့် အလုပ်အကိုင်ပေါင်း တစ်သိန်းကျော်ကိုလည်း ဖန်တီးပေး နိုင်မည်ဖြစ်ကြောင်း သိရသည်။
တောင်အာဖရိကတွင် လျှပ်စစ် ကား(EV)များ ထုတ်လုပ်မှုကို လာမည့် ခြောက်လအတွင်း၌ပင် အကောင် အထည်ဖော်လာနိုင်ဖွယ် ရှိကြောင်း Ford မော်တော်ကား ထုတ်လုပ်ရေး ကုမ္ပဏီမှ အကြီးတန်း တာဝန်ရှိသူ တစ်ဦးက ပြောဆိုထားသည်။
Source; investing.com