Main menu

Background

ရာနှင့်ချီသော ဝန်ထမ်းများကို စီအင်န်အင်န် အလုပ်မှထုတ်ပယ်

Fri, 12/09/2022 - 15:33 -- journal_editor

အမေရိကန်ပြည်ထောင်စု ဂျော်ဂျီယာပြည်နယ် အတ္တလန္တာမြို့တွင် အခြေစိုက်ထားသည့် CNN ကမ္ဘာ့သတင်းဌာနကြီးသည် ဒီဇင်ဘာ ၁ ရက်က ရာနှင့်ချီသည့်အလုပ်သမားများကို အလုပ်ထုတ်ပယ်လိုက်ကြောင်း CNBC သတင်းဌာနက ဒီဇင်ဘာ ၂ ရက်တွင် ရေးသားဖော်ပြထားသည်။
ကေဘယ်သတင်းကွန်ရက်ကို ပြောင်းလဲရန်အတွက် CNN စီအီးအိုဖြစ်သူ Chris Licht က ရာနှင့်ချီသော ဝန်ထမ်းများအား  အလုပ်မှရပ်စဲကြောင်း  အကြောင်းကြားခဲ့ခြင်းဖြစ်သည်။
CNN တွင် ဝန်ထမ်းပေါင်း ၄၀ဝ၀ ကျော်ခန့်ရှိကြောင်း သိရသည်။ ရာထူးမှ ထုတ်ပယ်ခြင်းများသည် ရာနှင့်ချီသော ဝန်ထမ်းများကို ထိခိုက်စေသော်လည်း အဆိုပါကိစ္စနှင့် ပတ်သက်၍ CNN မှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ  ယခုထုတ်ပယ်လိုက်သည့် ဝန်ထမ်းမှာ  လူဦးရေ ၄၀ဝ ထက်မပိုကြောင်း သိရသည်။
ယင်းကဲ့သို့ CNN ကဝန်ထမ်းများကို ရာနှင့်ချီထုတ်ပယ်လိုက်သည့်ကိစ္စနှင့်ပတ်သက်၍  လာမည့်သီတင်းပတ်တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်သွားမည်ဟု စီအီးအိုဖြစ်သူ Chris Licht က ပြောဆိုထားသည်။
Source; CNBC
စိုင်းဗညား - စုစည်းသည်