Main menu

Background

ဒစ်ဂျစ်တယ်ရူပီးကို အိန္ဒိယနိုင်ငံ စတင်စမ်းသပ်

Tue, 12/13/2022 - 11:02 -- journal_editor

ကိုဗစ်အလွန်ကာလဖြစ်သည့် ၂၀၂၂ ခုနှစ်ထဲသို့ ဝင်ရောက်လာချိန်တွင် အိန္ဒိယနိုင်ငံ၏ စီးပွားရေးမှာ ဖွံ့ဖြိုးတိုးတက်မှု အားကောင်းလာကာ တစ်ဦးချင်းဝင်ငွေများလည်း တိုးတက်လာခဲ့ကြောင်း indianexpress.com၏ ဖော်ပြချက်အရ သိရသည်။ 
ထိုကဲ့သို့ အခြေအနေမျိုးတွင် အိန္ဒိယနိုင်ငံ ဗဟိုဘဏ်က ဗဟိုဘဏ်ထုတ် ဒစ်ဂျစ်တယ်ရူပီးကို ဒီဇင်ဘာ ၁ ရက်တွင် စတင်အသုံးပြုနေပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ အဆိုပါ ဒစ်ဂျစ်တယ်ရူပီး အသုံးပြုမှုကို အိန္ဒိယနိုင်ငံ၏  မြို့ကြီး လေး မြို့တွင်  ကနဦး စတင်စမ်းသပ် အသုံးပြုခြင်းဖြစ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံအနေဖြင့်  ဒစ်ဂျစ်တယ်ရူပီးကို ဘဏ်အချင်းချင်း ငွေအလွှဲအပြောင်းလုပ်ငန်းစဉ်များအတွက် ပြီးခဲ့သည့် နိုဝင်ဘာ ၁ ရက်ကစပြီး စမ်းသပ်မှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ စမ်းသပ်လုပ်ဆောင်မှု အောင်မြင်ခဲ့ခြင်း ကြောင့် ဒီဇင်ဘာ ၁ရက်တွင် ပြည်သူများအကြား စမ်းသပ်သုံးစွဲမှုကို စတင်လုပ်ဆောင်ခြင်းဖြစ်သည်။
 အိန္ဒိယနိုင်ငံသည် ဒစ်ဂျစ်တယ်ရူပီးကို ၎င်း၏ မြို့ကြီးလေးမြို့ဖြစ်သည့် မွမ်ဘိုင်း၊ နယူးဒေလီ၊ Bengaluru နှင့်Bhubaneswar  စသည့်မြို့များတွင် စီးပွားရေးလုပ်ငန်းရှင်များ နှင့် စာရင်းသွင်းရွေးချယ်ထားသော ကျနမ အုပ်စုတို့ကို ကနဦး အဖြစ် သတ်မှတ်စမ်းသပ်အသုံးပြုခွင့်ပေးခဲ့ကြောင်း သိရ သည်။ 
ဒစ်ဂျစ်တယ်ရူပီးကို စမ်းသပ်အသုံးပြုကာလ၌ State Bank of India,  ICICI Bank , Yes Bank  နှင့် IDFC First Bank  တို့က အဓိက ပါဝင်သွားမည်ဖြစ်ကြောင်းလည်းindianexpress.com တွင် ဆက်လက်ဖော်ပြထားသည်။
Source; indianexpress.com