Main menu

Background

ကုန်ဈေးနှုန်း မြင့်တက်မည်ကို စိုးရိမ်ခြင်းကြောင့် စင်ကာပူတွင် အလုအယက် ဈေးဝယ်

Mon, 01/02/2023 - 16:12 -- journal_editor

စင်ကာပူနိုင်ငံတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစတင်ပြီး အကောက်ခွန်များကို တိုးမြှင့်ခဲ့ရာ ပြည်သူများအနေဖြင့် ဈေးဝယ်စင်တာများတွင် စည်ကားလျက်ရှိကြောင်း သိရသည်။ စင်ကာပူပြည်သူများအနေဖြင့် စားသောက်ကုန်များကို ဝယ်ယူမှုအပြင် ပရိဘောဂနှင့် နေအိမ်အသုံးအဆောင်များကိုလည်း ဝယ်ယူစုဆောင်းနေကြကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

စင်ကာပူနိုင်ငံတွင် အကောက်ခွန်တိုးမြှင့်ခြင်းမှာ ၁၅ နှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။ စင်ကာပူနိုင်ငံအစိုးရသည် လာမည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစတင်ပြီး ကုန်ပစ္စည်းများအတွက် အကောက်ခွန်ကို ခုနစ်ရာခိုင် နှုန်းမှ ရှစ်ရာခိုင်နှုန်းအထိ ထပ်မံတိုးမြှင့်သွားမည်ဟု ဆိုသည်။

 Source; Reuters

စိုင်းဗညား