Main menu

Background

ပိုဝဲလ်၏ သက်သေပြချက်ကို ရင်းနှီးမြှုပ်နှံသူများ စောင့်ကြည့်နေ

Thu, 03/16/2023 - 14:28 -- journal_editor

ယခုရက်ပိုင်းတွင် အမေရိကန်ဒေါ်လာဈေး တည်ငြိမ်နေခြင်းကို ကမ္ဘာတစ်ဝန်းရှိ ရင်းနှီးမြှုပ်နှံသူများ စောင့်ကြည့်လျက်ရှိကြောင်း CNBC သတင်းတစ်ရပ်တွင် ရေးသားဖော်ပြထားသည်။ အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌ ဂျရိုမီပိုဝဲလ်က အမေရိကန်ဒေါ်လာကို သုံးလအတွင်း အမြင့်ဆုံးသို့ တွန်းပို့သွားမည်ဖြစ်ကြောင်း မတ်လ ပထမပတ်တွင် ပြောဆိုထားသည်။

ဂျရိုမီပိုဝဲလ်က ရင်းနှီးမြှုပ်နှံသူများ အံ့သြသွားစေရန်အတွက် အမေရိကန်ဒေါ်လာဈေးကို လျင်မြန်စွာဆွဲတင်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ ဂျရိုမီပိုဝဲလ်က၏ ကြိုးပမ်းမှုကြောင့် အမေရိကန်ဒေါ်လာဈေးမှာ မတ် ၈ ရက်က အမြင့်ဆုံးအနေ အထားသို့ ခုန်တက်သွားခဲ့ခြင်းဖြစ်သည်။

အမေရိကန်ဒေါ်လာဈေးမှာ နေ့ချင်းညချင်း မြင့်တက်လာခဲ့ပြီး မတ် ၈ ရက်တွင် တစ်ယူရိုကို အမေရိကန်ဒေါ်လာ ၁ ဒသမ ဝ၅ ဒေါ်လာ ဖြစ်လာခဲ့သည်။ မတ်လ ဒုတိယပတ် အစပိုင်းတွင် တစ်ယူရိုလျှင် $၁.ဝ၅၅၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပြီး ဒေါ်လာဈေးကို သုံးလအတွင်း အမြင့်ဆုံးသို့ ဆွဲတင်မည်ဟုလည်း ဂျရိုမီပိုဝဲလ်က ပြောဆိုထားသည်။ လက်ရှိအချိန်တွင်မူ တရုတ်ယွမ်၊ ဗြိတိန်ပေါင်စတာလင်၊ ယူရိုငွေကြေးနှင့် ဂျပန်ယန်းတို့၏ တန်ဖိုးများ ကျဆင်းလျက်ရှိနေကြောင်း သိရသည်။

Source; CNBC

စိုင်းဗညား